အပိုင္း - ၅

6.6K 796 86
                                    

Unicode

သူနှင့် စိုင်းမင်းဇော်၏ ဆက်ဆံရေးက မည်သို့သော ဆက်ဆံရေးမျိုးလဲ? ရိုးဂုဏ်အများကြီးတွေးမနေ။ စိုင်းမင်းဇော်က သူ့ကိုချစ်၍လား။ သို့မဟုတ် စိတ်ဝင်စားခြင်း သက်သက်ပဲလား။ အိုဘာကြီးပဲဖြစ်နေနေ အရေးကြီးတာ သူ စိတ်ကျေနပ်ရင်ပြီးတာပဲ။ မဟုတ်ဘူးလား?

"ကိုစိုင်း..."

ရုပ်ရှင်အတူသွားကြည့်ပြီး ညနေတွင် အိမ်တွင် ညနေစာချက်ရာမှ အစပြုပြီးနောက် ရိုးဂုဏ်၏ တိုက်ခန်းသည် စိုင်းမင်းဇော် မကြာမကြာလာတတ်သည့် နေရာတစ်ခုဖြစ်လာခဲ့သည်။ ရိုးဂုဏ်၏ အဒေါ်ကလည်း သူလာခြင်းနှင့်ပတ်သက်ပြီး မည်သည့်ပိတ်ပင်ခြင်းမှ မပြုခဲ့။ ပျော်နေသေးသည်ဟုပင် ပြော၍ရသည်။ ရိုးဂုဏ်က အိမ်သို့ မိတ်ဆွေအပေါင်းအသင်း ခေါ်လာလေ့မရှိသည်မို့ အဒေါ်အပျိုကြီးသည် သိပ်စိတ်ပူရသည်မဟုတ်လား။ သူမသည် Night Shift ဆင်းရတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများက ပရဟိတဝါသနာပါသည်မို့ သူမသည် မကြာမကြာ ခရီးထွက်တတ်သည်။ ထိုသို့ဖြင့် စိုင်းမင်းဇော်သည် အိမ်သို့ညဘက်ပင်လာအိပ်သည့် အကျင့်ကိုရမှန်းမသိရလာတော့၏။

ယခုလည်း အိမ်ရှေ့ခန်းဆိုဖာတွင် ခွေခွေလေး ကွေးနေသည့် ရိုးဂုဏ်သည် သူ့ကို လှမ်းခေါ်လေသည်။ အသံတိုးတိုးလေးက ကြောင်ပေါက်စလေးမှ နို့ဆာ၍အော်လိုက်သည့် အသံမျိုး။ စိုင်းမင်းဇော်တစ်ယောက် စိတ်ထဲမှ မရိုးမရွဖြစ်မှုကို ထိန်းချုပ်ကာ ရိုးဂုဏ်ရှေ့သို့ နို့တစ်ဖန်ခွက်ဖြင့် ရောက်သွားလေ၏။

"မင်း ညတိုင်းနွားနို့သောက်သင့်တယ်..."

"အရပ်ရှည်လာအောင်လား?"

"အင်း..."

"အရပ်ရှည်ဖို့လိုလို့လား..."

ရိုးဂုဏ်၏ မေးခွန်းကြောင့် စိုင်းမင်းဇော် ဘာဆက်ပြောရမှန်းမသိသည့် မျက်နှာဖြင့် ကြည့်ရှာသည်။ ဘာပြောရမှန်းမသိဖြစ်နေသည့် စိုင်းမင်းဇော်ကိုကြည့်ပြီး ရိုးဂုဏ်ရယ်၏။ သူ စိုင်းမင်းဇော်၏ ထိုသို့သော မျက်နှာကို တကယ်ပဲ သဘောကျသည်။

"ကျွန်တော် အရပ်ရှည်ဖို့မလိုပါဘူး... ကိုစိုင်းရှိနေတာပဲကို..."

Illicit [Own Creation]Where stories live. Discover now