အပိုင္း - ၁၁

5.6K 655 78
                                    

Unicode

ရိုးဂုဏ်၏ နေ့ရက်များက သာယာသည့်နေ့များဟု ပြော၍ရသည်။ သူ ထွန်းအောင်ကျော်ကို ရန်စသည်။ ရှင်းသန့်မောင်နှင့်ဟန်မင်းပိုင်ကြားတွင် ဝင်နှောင့်သည်။ နှောင့်ရင်းဝင်ကူသည်ဟုလည်း ဆို၍ရသည်။ ဘာကြောင့်ဆို သူ့ကြောင့်ပဲ ရှင်းသန့်မောင်က ဟန်မင်းပိုင်နောက် လိုက်သွားခဲ့သည်မဟုတ်လား။

"ပန်းကလေး အဆင်ပြေရဲ့လား..."

ရှင်းသန့်မောင်သည် အကောင်ဖြူဖြူလေးတစ်ကောင်နောက် လိုက်သွားပြီးနောက် ရိုးဂုဏ်ဘားကောင်တာတွင် ဝင်ထိုင်ချိန်တွင် သူတို့၏ မာမီသည် မေးလာခဲ့သည်။ ပုံမှန်နေ့များတွင် ဘားသည်ညနေချိန်ခါတွင် ဖွင့်လေ့မရှိသော်လည်း ယနေ့က ပွဲတစ်ခုပြီးစီးထားသည်မို့ စောစီးစွာအသက်ဝင်နေခဲ့သည်။

"မပြေစရာတော့မရှိပါဘူး..."

ပုံမှန်လာနေကျမိန်းကလေးပုံစံမဟုတ်ဘဲ ပုဆိုးနှင့်ရှပ်အကျီ ၤအဖြူဝတ်ထားသည့်တိုင် ရိုးဂုဏ်၏ မိန်းမဆန်သည့် အလှက ပျောက်ကွယ်၍မသွား။

"ရှင်းသန့်ကို ပန်းကလေး သဘောကျနေတယ်ထင်ခဲ့တာ..."

ရိုးဂုဏ်သည် ဘီယာကို အရသာခံသောက်နေရင်းနှင့်...

"ကျွန်တော်တို့ ဖြစ်နိုင်တယ်လို့ပဲ ထင်ခဲ့ရုံပါ..."

ရိုးဂုဏ်သည် ခပ်တိုးတိုးသာ ဖြေခဲ့၏။ တကယ်လည်း သူ ရှင်းသန့်မောင်အပေါ်ထားသည့် စိတ်ကူးက သူတို့ဖြစ်နိုင်ခြေရှိ၍သာ။ သူ့စိတ်ထဲတွင် မည်သူမျှရှိမနေ။ နောက်ပြီး စိုင်းမင်းဇော်တစ်ယောက်လုံး သူ့နားမှာ ရှိနေတာပဲကို သူ ဘာများလိုအပ်နေသေးလို့လဲ။

အိမ်ပြန်လာချိန်တွင် အိမ်သည် တိတ်ဆိတ်လျက်။ ယနေ့စိုင်းမင်းဇော်သည် သူ့ဆီမလာနိုင်။ သူ့အဒေါ် ကလေးမွေးသဖြင့် ဆေးရုံသို့လိုက်သွားရသည်ဆိုသည်။ အဒေါ်ကလေးမွေးသည်။ ရိုးဂုဏ် အင်းအင်း သာ ပြောလိုက်ခဲ့၏။ သူ့အဒေါ်လည်းရှိမနေသည်မို့ အိမ်တွင် သူနေချင်တိုင်းနေ၍ရသည်။ စိုင်းမင်းဇော်သာ ရှိနေလျှင် သူဟိုတလောက မှာထားသည့် သူနာပြုဝတ်စုံပန်းရောင်လေးဖြင့် ဆော့၍ရသည်။ သို့သော် မရှိတော့ သူ ဘာတတ်နိုင်မှာလဲ။

Illicit [Own Creation]Donde viven las historias. Descúbrelo ahora