🍭1🍭 [ Z & U ]

6.4K 267 122
                                    

*ကိုကို*

*ဗျာ*

*အားချန်​ ကို ချစ်​လား*

*ချစ်​တာ​ပေါ့ အားချန်​ရဲ့*

*အားချန်​ လည်း ချစ်​တယ်​ ကိုကို*

တစ်​​ယောက်​နဲ့ တစ်​​ယောက်​ အကြည့်​ချင်းဆုံပြီး တစ်​ခန အားချန်​ ဆိုတဲ့ ​ကောင်​​လေးက မျက်​နှာလွှဲလိုက်​​တော့ ကိုကို ဆိုတဲ့ တစ်​​ယောက်​က အားချန်​ မျက်​နှာကို လက်က​လေးဖြင့်​ ​အသာအယာ ဆွဲယူပြီး ​လေးကိုင်းသဏ္ဍာန်​ နှုတ်​ခမ်း​လေးကို အနမ်း​ခြွေဖို့ ​ရှေ့တိုးလိုက်​သည်​။ နှုတ်​ခမ်းချင်း ထိခံ နီးးး

တီ⏰တီ⏰တီ⏰

ကျန်းချန်​ - လခွမ်း နဲ့ မှဘဲ။ ​ကောင်းခန်းဆို ဒင်းက ထထမြည်​ပြီ။

ကျန်းချန်​ အိပ်​ချင်​မူးတူး နဲ့ နာရီ Alarm ကို ပိတ်​လိုက်​ပြီး ​ထပ်​အိပ်​လိုက်​သည်​။ ဘယ်​​လောက်​မှ မကြာ ဖုန်းAlarm က ထမြည်​လာ​ရော။ အဲ့​တော့ ဖုန်းကို ယူကြည့်​လိုက်​​တော့

ကျန်းချန်​ - ဘာ!!​သေပြီ ​သေပြီ။ ၆ နာရီ​တောင်​ ခွဲ​နေပြီ။

အိပ်​ယာ​ပေါ်က​နေ အလူးအလဲ ထ။ ​ရေချိုးခန်းထဲ အလျင်​အမြန်​၀င်​လာလိုက်​သည်​။ ​ရေချိုး​နေရင်း သီချင်းကလည်း ​အော်​ဆို​နေ​သေး။

🎤 ကိုကို ​ရေ သိပ်​ချစ်​တယ်​ 🎤 အစွဲ ကြီး စွဲ မိပြီကွယ်​ 🎤 အားချန်​ ဆိုတဲ့ သီချင်း​လေးနဲ့ 🎤 အရဲစွန့်​ ​ပြောပါရ​စေ 🎤

ကိုကို ဟုတ်​တယ်​ ကိုကို ဆိုတာ အားချန်​ အလယ်​တန်းကတည်း က Crush လာခဲ့တဲ့ ချစ်​ရသူ။ ကိုကို က အားချန်​ တို့ထက်​ ၃ နှစ်​​တောင်​ကြီးတယ်​။ ကိုကို က အမြဲတမ်း တပြုံးပြုံး နဲ့။ မသိရင်​ သူ့ကိုယ်​သူ အပြုံးမင်းသားများ မှတ်​​နေလား မသိဘူး။

အားချန် ရဲ့ ကိုကို က​လေ အရမ်းချစ်​ဖို့​ကောင်းတယ်​။ ကိုကို သီချင်းဆိုရင်​ အသံ​လေးက ဘယ်​လို​လေးမှန်း မသိဘူး။ ကိုကို့ အပြုံးတစ်​ချက်​ က အားချန်​ ကို ရူးခါသွား​အောင်​ ပြုစားနိုင်​တယ်​။ ကိုကို အရပ်​ကလည်း ၆​ပေ ၁ လက်​မ ​လောက်​ရှိတယ်​။ ကိုကို က စာ​ပေပညာ၊ အနုပညာ၊ ဘက်​တွင်​ သာမက အားကစားမှာ ပါ ထူးချွန်​တယ်​။ ကိုကို က အရာရာ ပြည့်​စုံတယ်​။ မပြည့်​စုံတာ ဆိုလို့ အခုထိ ချစ်​သူ မရှိ​သေးဘူး။ မရှိဆို ​ဟောဒီက အားချန်​လေးကို ကိုကို က ​စောင့်​​နေတာ ​နေမှာ အဟိ။ ကျွန်​​တော့်​ ကိုကိုက​လေ ​တော်​ပါပြီ ကိုကို့ အ​ကြောင်း မ​ပြော​တော့ဘူး။ ​တော်​ကြာ FA ​လေး​တွေ အားကျ​နေလိမ့်​မယ်​။

ကိုကို {ချစ်​ရတဲ့ ကိုကို} {Completed} (ZV & UV)Where stories live. Discover now