ရှားလော့ တို့ အားလုံး ကျန်းချန် ရဲ့ ဒုက္ခပေးမှုကြောင့် အကွဲကွဲအပြဲပြဲ။ ရေချိုးချင်တယ် ဆိုတာကြောင့် ရေချိုးခန်းထဲ ပို့ပေးပါတယ် ရေက အေးတယ် မချိုးနိုင်ဘူး ရေနွေးပေးတဲ့။ အဲ့တော့ ရေနွေးကြိုပေးရပြန်တယ်။ ဆပ်ပြာကြတော့ မမွှေးဘူးတဲ့။ မွှေးတဲ့ ဆပ်ပြာ ၀ယ်ပေးရပြန်တယ်။ ရေချိုးပြီးတော့ သူ့အင်္ကျီတွေက နံစော်နေပြီ အသစ် တစ်ထည်ဆိုလို့ ပြေးဇမ်း ကျားကြီး ဆိုပြီး ခိုင်းရပြန်တယ်။ တကယ့် အာဂဓားစာခံ။ ရေချိုးပြီးတော့ အိပ်ချင်တယ် ဆိုတာကြောင့် အဲ့မှာ အိပ်လေလို့ ပြောတာကို ငုတ်တုတ်ကြီး ထိုင်အိပ်ရမှာလားတဲ့။ နောက်ဆုံး နားညီးမခံနိုင်တဲ့ အဆုံး ဟောဒီက မှာ အိပ်ဆိုပြီး ဆိုဖာခုံပေါ်မှာ အိပ်ခိုင်းလိုက်သည်။ နိုးလာတော့ ဗိုက်ဆာတယ်ဆိုတာကြောင့် သူစားချင်တာကို ၀ယ်ကျွေး ရပြန်သည်။ Boss ရေ မြန်မြန်လာပါ ဆိုပြီး စိတ်ထဲကနေ အော်နေလိုက်သည်။
ရှားလော့ - Boss ရောက်လာပြီလား။
မန်ရှန့် - အင်း ဟိုကောင်လေးရော။
မန့်ရှန့် အမေးမှာ ရှားလော့ မျက်နှာလေးငယ်သွားသည်။ သူ့တပည့်ရဲ့ မျက်နှာကြောင့် ဘာများဖြစ်တာလဲ ဆိုပြီး ကောင်လေးရှိရာကို အမြန်သွားလိုက်တာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သွေးတောင် ဆောင့်တတ်တယ်။
မန်ရှန့် - ဒါက ဘာတွေလဲ။
ကျန်းချန် - စားစာရာတွေလေ။ မမြင်ဘူးလား။ ဘယ်မြင်မလည်း မီးရောင်က မလင်းတလင်းနဲ့။ ခင်ဗျားတို့ကို အကြံပေးချင်တယ် LAN Com. က ထုတ်တဲ့ မီးလုံးတွေ ဘာတွေ ၀ယ်တပ်ပါလား။ အာဆို လင်းလင်းထင်းထင်း မြင်ရတယ်။
ကျန်းချန် က ပြောပြီး Cola လေးသောက်လိုက်သည်။ မန်ရှန့် စားပွဲခုံပေါ်က အစားစာတွေကို ကြည့်လိုက်တော့ အမယ် မာလာရှမ်းကော၊ ကြက်ကြော်၊ ပီဇာ၊ ကြာစွယ်စွတ်ပြုတ်၊ ပဲခေါက်ဆွဲ ။ ကိုယ်တောင် တစ်သက်နဲ့ တစ်ကိုယ် မစားဖူးဘူး။ ခန ဒီကောင်လေးကို ပြန်ပေးဆွဲထားတာ မလား။
မန်ရှန့် - ရှားလော့
ရှားလော့ - ဟုတ်ကဲ့ Boss
မန်ရှန့် - ငါတို့က ပြန်ပေးဆွဲထားတာလား၊ ပျော်ပွဲစား ထွက်လာတာလား။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Fiksi Penggemarကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...