🍭11🍭 [ Z & U ]

1.4K 145 36
                                    

ဒီနေ့ စနေနေ့မို့ အားလုံး ပန်းခြံကို ပျော်ပွဲစားထွက်လာကြသည်။ 

ကျန်းချန် -  ဝေ့၀ူရှန့် ရေဗူးတွေရော။

ဝေ့ - ကျင်းဇီရွှမ်းကို မေး။ သူ ကားပေါ် ပစ္စည်းတွေ တင်တာ။

ကျန်းချန် - ဟိုဒေါင်းကောင် ရေဗူး တွေရော

ဇီရွှမ်း - အားလီ မောင်က ကိုယ့်ကို ဒေါင်းကောင်တဲ့။

ကျန်းချန် နဲ့ ဝေ့ရင်း ဇီရွှမ်း ကို အသေသတ်ချင်နေပြီ။

ယန်လီ -  အားချန် တို့က စနေတာပါ။ ရေဗူးတွေ ကားထဲမှာဘဲ အားချန်။

ကျန်းချန် - ကျွန်တော် သွားယူလိုက်မယ်။

ရှီးချန် - ကိုယ် လိုက်ခဲ့ပေးရမလား။

ကျန်းချန် - ရတယ် ရှီးချန်ကော ကျွန်တော်ဘဲ သွားယူလိုက်မယ်။

ကျန်းချန် ကားပါကင်ဘက်ကို တစ်ယောက်တည်း ထွက်လာလိုက်သည်။ ကိုကို နဲ့ ချစ်သူတွေ ဆိုတာ မမ သိလို့ မဖြစ်သေးဘူး။ တမင်ဖုံးကွယ် တာတော့ မဟုတ်ပါဘူး မမ အနားမှာ ဟိုဒေါင်းကောင် ရှိနေလို့ ကို မပြောသေးတာ။ ဟွိုက်ဆန်း နဲ့ ၀မ်းနင် ကတော့ ပန်းခြံ ထဲ ပတ်ကြည့်မယ် ဆိုပြီး ထွက်သွားတယ်။ ဝေ့ရင်း က မမ ကို ကူညီပေးဖို့ ကျန်ခဲ့တယ်။ ကိုကို နဲ့ လန်ဝမ့်ကျီး က ဘေးကနေ လိုအပ်တာတွေ လုပ်ကိုင်ပေးနေကြသည်။ ဟိုဒေါင်းကောင်တော့ မင်းတို့သိတဲ့ အတိုင်း ဖင်လေဟပ် နေတယ်။

*သူလား ကျန်းဖုန်းမြန် ရဲ့ သားအငယ်*

*ဟုတ်ပါတယ် Boss*

*သွားခေါ်ခဲ့။*

*ဟုတ်ကဲ့ Boss*

ကားပေါ်ကနေ လူ၃ယောက်ဆင်းလာပြီး ခြေလှမ်းတွေက ကျန်းချန် ဆီသို့ ဦးတည်နေသည်။ ကျန်းချန် သီချင်းလေး ညည်းရင်း ကားထဲကနေ ရေဗူးတွေ ချနေတုန်း

*ဟေ့ မင်းက ကျန်းဝမ်ရင်လား*

အသံကြောင့် နောက်လှည့်ကြည့်တော့ အိုးမိုင်ဂေါ့လ် စွန်းလန်းတဲ့ လူသုံးယောက်။ သေသေချာချာ ကြည့်လိုက်တော့ ဇာတ်ကားတွေထဲက လူမိုက်တွေ ကျလို့။

*ဟေးး မင်းက ကျန်းဝမ်ရင် လားလို့*

ကျန်းချန် - မဟုတ်ဘူး။ ကျွန်တော်က ကိုကို ရှီးချန် နဲ့ ချစ်သူ သောက်ချောကြီး ကျန်းဝမ်ရင်

ကိုကို {ချစ်​ရတဲ့ ကိုကို} {Completed} (ZV & UV)Where stories live. Discover now