ဝေ့အိမ်တော်မှာ ဝေ့ပါးပါး တစ်ယောက်သာ ဒေါသတွေ ထွက်နေပေမယ့် ဝေ့မားမာ ကတော့ သီချင်းလေးညည်းရင်း ချည်ထိုး မပျက်။ မော့ရွှမ်းယွီ ဆိုတာလည်း ပြန်ရောက်ကတည်းက တစ်ခုပြီးတစ်ခုစားနေတာ ကြည့်မရတော့ဘူး။
ဝေ့ပါးပါး - ရွှမ်းယွီ!!
ရွှမ်း - ဗျာ ဦးလေး
ဝေ့ပါးပါး - မင်း အဲ့လို သောက်ရမ်းင်နေလို့ ဟိုအကောင်က အိပ်ဆေးခတ်ပြီး မင်းအစ်ကို့ကို မသွားတာ မမှတ်ဘူးလား။
ကိုယ့်ဘာသာ ဗိုက်ဆာလို့ မုန့်တွေ စားနေတာကို၊ သူ့သားကဖြင့် လိုက်ချင်လွန်းလို့ တစ်ပိုင်းသေနေတာ သများကို လာပြီ အပြစ်တင်နေတာ။
ဝေ့မားမား - အစ်ကို ရယ် ခိုးပြေးတဲ့ လူက ခိုးပြေးသွားကြပြီဘဲ။ ပြန်လာရင်တာ မင်္ဂလာဆောင် ပေးလိုက်ပါတော့။
ဝေ့ပါးပါး - ငါ့သားကို အဲ့လန်အိမ်က လွှဲ ရင် ကျန်တဲ့ အိမ်က လူတွေ နဲ့ သဘောတူတယ်။ အဲ့ လန်ချီရန် ဆိုတာ မင်းကို မရလို့ သူ့တူကို ငါ့ရဲ့ အဖိုးတန်တဲ့ မက်မွန်သီး ကို ရအောင် ယူခိုင်းတာ။
ဝေ့မားမား - အစ်ကို ရယ် အတိတ်က အကြောင်းတွေ ပြန်တွေးနေလို့ ဘာရမှာတုန်း။ ၀မ့်ကျီးလေး က သားလေးကို အရမ်းချစ်တာ ဖေး တို့ အသိဘဲလေ။
ရွှမ်း - ဟုတ်သားဘဲ ဦးလေးရာ။ ဦးလေး စွန်းဝူခုန်း ကား ကြည့်ဖူးတယ်မလား။ အဲ့ထဲမှာ နတ်ပြည်က အဖိုးတန်တဲ့ မက်မွန်သီးကို ၀ူခုန်း က ခိုးတာလေ။ အဲ့လိုဘဲပေါ့ ဝေ့ကောကော လို အဖိုးတန်တဲ့ မက်မွန်သီးကို လန်အိမ်တော်က ရေခဲကိုယ်တော် အူပုတ်စိတ်တို က ခိုးသွားတယ်။ တကယ်လို့ ဦးလေးက သဘောမတူဘူးဆို အမည်ပျက်မှာ ဝေ့အိမ်တော်ဘဲ။ လူပျိုရည် ပျက်မဲ့သူ က ဝေ့ကောကော။ ဦးလေး သေချာစဉ်းစား။
ဝေ့ပါးပါး - သွား အခုချက်ချင်း လူအင်အား ဖြန့်ပြီး ရှာကြ။ လန်အိမ်တော်ထက် ဝေ့အိမ်တော်က အရင် ရှာတွေ့မှ ဖြစ်မယ်။ မော့ရွှမ်းယွီ မြိုစို့မနေနဲ့။ ထ အခုထ ပြီး သွားရှာ
ရွှမ်းယွီ လည်း စားလက်စ မုန့်ကို ချပြီး ဘယ်ဆီ၊ ဘယ်အရပ်ဒေသ ကို ခိုးပြေးသွားမှန်း မသိတဲ့ ဝေ့ကောကော နဲ့ လန်ကောကော ကို ရှာပုံတော် ထွက်လာရသည်။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Fanficကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...