🍭17🍭 [ Z & U ]

1.3K 124 2
                                    

မင် - မင်္ဂလာပွဲက ဘယ်နေ့လဲ။

ရှီးချန် - ဖေဖော်ဝါရီ ၁၄ ရက်နေ့

မုန့်ယောင် - ချစ်သူများနေ့ကြီး။

ရွှယ်ယမ် -Feb 14 က  ဗယ်လင်တိုင်း ဒေး နေ့ကြီး လား။

ရှီးချန် - အွန်း

မင် - ဘာစိတ်ကူးနဲ့ အဲ့နေ့ဆောင်တာတုန်း။ အဲနေ့မှာ ငါက အားယောင်နဲ့ ကမ်းခြေ ကို ခရီးသွားမလို့ကို။

ရှီးချန် - မင်းကလည်း နောက်ရက်မှသွားပေါ့။ ငါ့ မင်္ဂလာပွဲက အရေးကြီးတယ်။ ဟုတ်တယ်မလား အားယောင်။

မုန့် - ဟုတ်သားဘဲ ကောရယ်။ နောက်ရက်မှ အားယောင်တို့ သွားရအောင်။

မင် - အင်းပါ။

မင်ဂျွယ် အင်တင်တင် နဲ့ ဘဲ ခေါင်းငြိမ့်လိုက်ရသည်။ မကျေနပ်ဘူး ရှီးချန် ကို မကျေနပ်ဘူး။

ရွှယ် - ငါ ပြန်တော့မယ် မုန့်ယောင်။

မုန့် - အေး အေး ကျေးဇူးဘဲ ငါ့ကို လိုက်ပို့ပေးလို့။

ရွှယ် - မလိုဘူး ရတယ်။

မုန့်ယောင် နဲ့ ရွှယ်ယမ် က အိမ်နီးချင်းတွေ။ မုန့်ယောင် အမေက သူ့သားလူသေးကောင်ကို ရွှယ်ယမ် နဲ့မှ စိတ်ချ လို့ အပြင်သွားမယ်ဆိုတိုင်း ရွှယ်ယမ် ကို အကူအညီ တောင်းရတာ သူ့မှာအမော။ မုန့်ယောင် က ဖတဆိုးသား။ အယ် အဲ့လိုပြောလို့မရဘူး။ အဖေ ရှိတယ်။ အဲ့အဖေ က ဘယ်သူမှန်း မသိဘူး။ သူတို့ သားအမိကို ရှိတယ်လို့တောင် မထင်တဲ့ အဖေ။

ကျွန်တော်က မိဘမဲ့။ အဖေရော အမေရောက ကျွန်တော့်အသက် ၅နှစ်မှာ စည်းစိမ်ဥစ္စာ အပြည့်အစုံ နဲ့ ထားခဲ့ ပြီး ပြန်မလာနိုင်တော့တဲ့ လမ်းကို ထွက်သွားတာ။ ကျွန်တော် အသက် ၁၄ နှစ်မှာ ကိုကို့ ကို စတွေ့တယ်။ အဲ့တုန်းက ကိုကို က ဆေးရုံတစ်ခုမှာ ဟောက် ဆင်းနေတုန်း။ အပြုံးချိုတဲ့ ကိုကို့ ကို ကျွန်တော် စွဲလမ်းမိသွားတယ်။ ကိုကို့ အကြောင်းတွေကို စုံစမ်းခဲ့တယ်။ ကိုကို့ အကြောင်း ပိုသိရလေ ကျွန်တော့် အချစ်တွေလည်း ပိုတိုးတိုးလာလေ။ ကိုကို့ ကို အရမ်းချစ်တယ် ပိုင်ဆိုင်ချင်တယ်။ ဒါကြောင့် မကြာခင် အကြွေးတွေကြောင့် ဒေဝါလီ ခံရတော့မဲ့ ကိုကို့ တို့ ကုမ္ပဏီ ကို ကျွန်တော် ကူညီခဲ့တယ်။ ကိုကို့ မိဘတွေကို ကျွန်တော် အကြောင်းစုံ ဖွင့်ပြောပြီး ကိုကို့ ကို တောင်းရမ်းခဲ့တယ်။ ကိုကို့ မိဘတွေကလည်း သဘောတူ ကြည်ဖြူခဲ့တယ်။ ခက်တာက ကိုကို။ ကိုကို က အထင်တွေလွှဲခဲ့တယ်။ သူ့ကို အကြွေး နဲ့ သိမ်းတယ်ဆိုပြီး။ ကျွန်တော် ရှင်းမပြချင်ဘူး။ ရှင်းပြမှ သိမဲ့ အလုပ်ကို ကျွန်တော် မလုပ်ချင်ဘူး။

ကိုကို {ချစ်​ရတဲ့ ကိုကို} {Completed} (ZV & UV)Where stories live. Discover now