ဝမ်းနင် အစ်မဖြစ်သူ ၀မ်ချင် မှာလိုက်တဲ့ ပစ္စည်းတွေဝယ်ဖို့ အတွက် Shopping Mall ကို ကျောင်းကအပြန်ဝင်လိုက်သည်။ ၀မ်ချင် ၀ယ်ခိုင်းတဲ့ ပစ္စည်းတွေ ၀ယ်လို့ပြီးတော့ မိမိအတွက် ရေမွှေးဝယ်ရန် ၀ယ်နေကြဆိုင်ဘက်ကို ထွက်လာလိုက်သည်။ ရေမွှေးဆိုင်ရောက်တော့ ၀ယ်နေကျရေမွှေးက ကုန်နေတဲ့ အတွက် တခြားတံဆိပ်ကိုဘဲ ၀ယ်လိုက်ရသည်။ ရေမွှေးဆိုင်က အထွက်
*အား!!*
*ဟာ ကျွန်တော်တောင်းပန်ပါတယ်။ ဘာဖြစ်သွားသေးလဲ မသိဘူး*
ဝမ်းနင် - ခင်ဗျား မျက်စိမပါဘူးလား။ သွားပါပြီ ငါ့ရေမွှေးပုလင်းလေး။
*ကျွန်တော် ပြန်လျော်ပေးပါမယ်။*
*အားရင် ဘာဖြစ်နေတာလဲ*
အသံလာရာကို နှစ်ယောက်သား ကြည့်လိုက်တော့
ရင် - သခင်လေး
ဝမ်းနင် အနောက်ကရောက်လာတဲ့ ၀ှီးချဲပေါ်က လူကို တွေ့လိုက်ရတဲ့ တစ်ခန လောကကြီး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။ နှုတ်ခမ်းဖျားကနေ မခေါ်တာကြာပြီ ဖြစ်တဲ့ နာမ်စားလေး
ဝမ်းနင် - ကို
ဟွိုက်ဆန်း အားရင်ကို ရေမွှေးသွားဝယ်ခိုင်းတာ ကြာလို့ ချင်းဖန်း နဲ့ အတူတူ အားရင် ၀င်သွားတဲ့ ဆိုင်ဘက်ကို ထွက်လာလိုက်တာ အားရင်က လူတစ်ယောက်ကို တောင်းပန်နေတာကြောင့် အော်မေးလိုက်သည်။ ထိုခနမှာ သူ့ကို လှည့်ကြည့်လာတဲ့ အားရင် နဲ့ အတူ မိမိချစ်ရတဲ့သူ။
ဟွိုက်ဆန်း - အားလင်
ဟွိုက်ဆန်း သူ့ကို အံ့သြစွာကြည့်နေတဲ့ အားလင် ကြောင့် ပြုံးလိုက်မိသည်။
ဟွိုက်ဆန်း - အားလင် ကိုယ်တို့ စကားခနလောက် ပြောလို့ ရမလား။
ဝမ်းနင် - အင်း ငါလည်း သိချင်တာတွေ ရှိတယ်။
ဟွိုက်ဆန်း - ကိုယ်တို့ အမြဲသောက်နေကြကော်ဖီဆိုင်ကိုဘဲ သွားရအောင်။
ဝမ်းနင် - အင်း
ဟွိုက်ဆန်း က ချင်းဖန်း ကို နားနားကပ်ပြီး မင်ဂျွယ်ကော ဆီ ဖုန်းဆက်ခိုင်းလိုက်သည်။ အိမ်ပြန် နောက်ကျမဲ့ အကြောင်းနဲ့ စိတ်မပူဖို့။ ပြောခိုင်းပြီး ရှေ့က အရင်ထွက်သွားတဲ့ အားလင် နောက်ကို အမြန်လိုက်ခိုင်းရသည်။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Fanfictionကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...