ကျန်းချန် ရဲ့ လက်ထဲက ထမင်းဘူးလေးကို တွေ့တော့
ဝမ်းနင် - ကျန်းချန် မင်းလက်ထဲက ဟာက
ကျန်းချန် - ငါ့ ကိုကို အတွက်
ဝမ်းနင် - ကိုကို။ ၀ူရှန့် အတွက်လား
ကျန်းချန် မျက်စောင်းကြီးပိတ်ထိုးလိုက်သည်။ ငါ့ကိုကို ပါဆို ဘယ်နှယ့် စပ်စလူးစိန် ဝေ့၀ူရှန့် ဖြစ်ရမှာလဲ။
ကျန်းချန် - မဟုတ်ဘူး။ ငါ့ ကိုကို ရှီးချန် အတွက်။
ဝေ့ - ဘာတွေပြောနေကြတာလဲ။
ကျန်းချန် နဲ့ ၀မ်းနင် စကားပြောနေတုန်း သူတို့နှစ်ယောက်ရဲ့ ပခုံးကို ဖက်ပြီး ကြားဝင်လာမေးတဲ့ ဝေ့၀ူရှန့်ကြောင့် ကျန်းချန် မျက်လုံးတွေ အရောင်တောက်သွားသည်။ ဘာလို့ဆို ဝေ့၀ူရှန့် ရောက်ပြီဆို လန်ဝမ့်ကျီးပါ ရောက်ပြီ။ လန်ဝမ့်ကျီး ရောက်ပြီဆို ကိုကို ပါ ရောက်လာပြီ။
ကျန်းချန် - ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့ လန်ဝမ့်ကျီးရော
မေးချင်လို့ မေးတယ်မထင်နဲ့ နော်။ ကိုကို့ ကို တွေ့ချင်လို့ မေးတာ။
ဝေ့ - လန်ကျန့် ကဖြင့် အတန်းထဲ ရောက်နေပြီ။ ဒီနေ့ ရှီးချန်ကောတို့ ကျောင်းအစောကြီးလာရတယ်လေ။ အဲ့တာ လန်ကျန့် ကပါ အစောကြီးရောက်နေတာ။
ကျန်းချန် - အမ် အစောကြီးလား။
ဝေ့ - အင်း ငါ ဗိုက်ဆာပြီ ကန်တင်း သွားရအောင်။
ဝေ့၀ူရှန့် ၀မ်းနင် နဲ့ ကျန်းချန် လက်ကို ဆွဲ ပြီး ကန်တင်းဘက်ကို ထွက်လာလိုက်သည်။ ကန်တင်းရောက်တော့ လန်ကျန့်ဆီ ဖုန်းခေါ်ပြီး ကန်တင်းကို လာဖို့ ပြောလိုက်သည်။
ကျန်းချန် ထမင်းဗူးကြီးကို စိုက်ကြည့်ပြီး စိတ်ထဲကနေ ရှီးချန် ကို မေတ္တာပို့နေသည်။
**ကိုကိုစုတ် ကိုကိုပျက်။ ကျောင်းအစောကြီးသွားရမယ်ဆိုတာ ဖုန်းခေါ်ပြီးပြောတာ မဟုတ်ဘူး။ လမ်းသွားရင် ခလုတ်တိုက်ပြီး လဲပါစေ။**
တစ်ဖက်မှာ ရှီးချန်၊ မင်ဂျွယ်၊ လန်ကျန့် နဲ့ မုန့်ယောင် တို့ ကန်တင်းအလာ ရှီးချန် တစ်ယောက် ကျောက်တုံးကို ခလုတ်တိုက်မိသည်။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Hayran Kurguကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...