ရှီးချန် နဲ့ ကျန်းချန် ကန်တင်းထဲ ၀င်လာတော့ အားလုံးက ပြုံးစိပြုံးစိနဲ့ ကြည့်နေကြသည်။
ရှီးချန် - မင်းတို့ ဘာဖြစ်နေတာလဲ။ ရုပ်တွေကိုက
ဝေ့ - ကျန်းချန်
ကျန်းချန် - ဘာလဲ။
ဝေ့ - မင်္ဂလာဦးည အတွေ့အကြုံလေး ပြောပြပါလား။
ကျန်းချန် - မသိဘူး။ ညက ဗိုက်လေးပြီး အိပ်ပျော်သွားတာ။
ကျန်းချန် အဖြေကြောင့် အားလုံးအကြည့်တွေက လန်ရှီးချန် ဆီ ရောက်သွားတယ်။
ရှီးချန် - အဟမ်း ဘာလာကြည့်ကြတာလဲ။ စားစရာရှိတာ စားကြလေ။
ဝေ့ - တောက်စ်!! ငါက ဟိုတစ်လောက ဦးလေးရှင်းချန် လို ကွတ ကွတ ဖြစ်လာမယ် ထင်နေတာ။
ဖူးး အဟွတ် အဟွတ်
ဝေ့ရင်း နဲ့ အားရပါးရ ပြောစကား ကြောင့် ရွှယ်ယမ် က ရေသီးသွားသလို မုန့်ယောင်က တခွီးခွီး နဲ့ ရယ်လို့။ အကြီး ၂ယောက်ကတော့ ခေါင်းတခါခါ နဲ့။ ၀မ်းနင် နဲ့ ကျန်းချန် မှာ မျက်လုံးလေး ကလယ်ကလယ် နဲ့
ရွှယ် - ဝေ့၀ူရှန့် မင်း မင်း
ကျန်းချန် - ဦးလေးရှင်းချန် က ဘာလို့ ကွတကွတ ဖြစ်ရတာလဲ။
ဝေ့ - အဲ့တာက ဟိုဟာလေ
လန်ကျန့် - ဝေ့ရင်း ထမင်းစား။
ရှီးချန် - ကလေး မသိချင်နဲ့။ အဲ့တာ ကလေးသိရမဲ့ အရာတွေ မဟုတ်သေးဘူး။ ထမင်းစားနော် ကလေး။
ရှီးချန် သူ့ကလေးကို ထမင်းခွံ့ကျွေးလိုက်သည်။ ကျန်းချန်ကတော့ သူ့ကိုကို ခွံ့ကျွေးတဲ့ ထမင်းကို ပြုံးပြုံးကြီးနဲ့ ဝါးစားလေရဲ့။
အားချန် ရဲ့ ကိုကို က သိပ်အလိုက်သိတာ။ မနက်ကလည်း အိပ်ယာထတော့ ရေချိုးခန်းထဲထိ ချီသွားတယ်။ မျက်နှာသစ် သွားတိုက်ပေးတယ်။ အင်္ကျီအ၀တ်အစား လည်း လဲပေးတယ်။ လွယ်အိတ်တောင် ကိုကို က သယ်ပေးတာ။ အခုလည်း ကြည့် အားချန်ကို ထမင်းခွံ့ကျွေးနေတာ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ မင်းတို့ မှာရော ဒီလို ချစ်ဖို့ကောင်းတဲ့ ယောကျာ်းရှိလား။ မေးမနေတော့ပါဘူး Forever Along တွေ။ ပြောပြန်ရင် အားချန် အလွန်ဖြစ်မယ်။ မင်းတို့ အားကျလိုက်စမ်း။ အော် တစ်ခု ပြောမယ် အားချန် ကိုကို့ ကိုတော့ စနှိုက်လာမကြော်နဲ့နော်။ အားချန် လက်က လူမရွေးဘူး။ ဒါဘဲ ကိုကို ခွံ့ကျွေး တဲ့ ထမင်း စားလိုက်အုံးမယ်။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Fanfictionကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...