🍭26🍭 [ Z & U ]

1.3K 116 11
                                    

ဒီနေ့က ၀မ်းနင် နဲ့ ဟွိုက်ဆန်း တို့ရဲ့ မင်္ဂလာပွဲ။ မနက်ပိုင်းမှာ မင်္ဂလာဆောင် အခမ်းအနား ကျင်းပပြီး၊ ညနေပိုင်းမှာတော့ သူငယ်ချင်းတွေ နဲ့ ညစာစားပွဲ ကျင်းပ သည်။

ကျန်းချန် - ဟွိုက်ဆန်း နဲ့ ၀မ်းနင် ဂုဏ်ပြုပါတယ်။ ဒါနဲ့ မင်းတို့ ၂ယောက်မှာ ဘယ်သူက အထက်ပုဂ္ဂိုလ် လဲ။

ဟွိုက် - တစ်ယောက်တစ်လှည့်။

ဝမ်းနင် - ခွီး!!

ဟွိုက် - ဘာရယ်တာလဲ။

ဝမ်းနင် - ဘာမှ မရယ်ပါဘူး ဟီး

ဟွိုက်ဆန်း မက်စောင်းကဒိုင်းခနဲ ၀မ်းနင်ဆီ။ ၀မ်းနင်မှာလည်း ပါးစပ်ကို လက်နဲ့အုပ်ပြီး ရယ်လေရဲ့။

ဝေ့ - ဟွိုက်ဆန်း မင်းက အောက်ပုဂ္ဂိုလ် မလား။

ဝေ့ရင်း စကားအဆုံး ဟွိုက်ဆန်းမှာ မျက်နှာကြီးရဲတတ်သွားသည်။ ၀မ်းနင်ကတော့ စားပွဲခုံကို လက်နဲ့ တဖြန်းဖြန်းရိုက်ပြီးကို အော်ရယ်တော့တာဘဲ။ ကျန်းချန် စားလိုက်စ စပျစ်သီးခိုင်ကြီးကို ခနချထားလိုက်ပြီး

ကျန်းချန် - ဟွိုက်ဆန်း တကယ်ကြီးလား။ လေတစ်လုံး၊ မိုးတစ်လုံး ကောင်က အခုတော့ အောက်ပုဂ္ဂိုလ် တဲ့။ ဟားးဟားး

ဟွိုက်ဆန်း ၊ ဝေ့ရင်း ကို ဘုကြည့်ကြည့်လိုက်တော့ ဝေ့ရင်းက လန်ကျန့် နောက်ကျောကို ၀င်ပုန်းလေရဲ့။ လန်ကျန့် ဆိုတာ သူ့လင်ကို မျက်လုံးလေးနဲ့ စွေကြည့်တာတောင် မကြိုက်။

ရှီးချန် - မင်ဂျွယ် ဘာဖြစ်နေတာလဲ။

မင် - ဘာမှ မဖြစ်ပါဘူး။

ဟွိုက် - ဘာ ဘာမှ မဖြစ်တာလဲ။ အသည်းကွဲရင် ကွဲတယ်ပေါ့။ ရှီးချန်ကော၊ မုန့်ယောင်ကော က မွန်ဂို ကို ပြောင်းသွားလို့ လွမ်းနာကျနေတာ။

မင် - အားဆန်း မင်း ဒါတွေကျတော့ ဘာလို့ ဝေါ်ပုကျိမသောက် ရတာလဲ။

ဟွိုက် - တုံးတဲ့ နေရာ တုံးပေမယ့် ဒီလိုမျိုး နေရာမှာတော့ တုံးလို့ မရဘူးလေ။

ကျန်းချန် - အေး မင်းက တော်လွန်းလို့ အောက်ပုဂ္ဂိုလ် ဖြစ်သွားတာ။

ဟွိုက် - ကျန်းချန် ခွေးကောင်

ကျန်းချန် - ဟေ့ မဆဲရဘူးလေ။ ဗိုက်ဆဲက ကလေးလေးကြးသွားမယ်။

ကိုကို {ချစ်​ရတဲ့ ကိုကို} {Completed} (ZV & UV)Where stories live. Discover now