လူသူအရောက်ပေါက်နည်းပြီး မြက်ပင်ရိုင်းတွေ ထူထပ်စွာ ပေါက်ရောက်နေတဲ့ မြေနီလမ်းကြားလေးထဲမှာ ကားအနက်တစ်စီးရပ်ထားသည်။ ထိုကားထဲတွင် မိန်းကလေးတစ်ယောက်နဲ့ ယောကျာ်းလေး တစ်ယောက်
*ကျုပ် ဘာလုပ်ပေးရမလဲ။*
*ဒီကောင်လေး ကို ၃ရက်လောက်ဖျောက်ပေး။*
ပြောလည်းပြော ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးတစ်ပုံ ကမ်းပေးလိုက်သည်။ ထိုလူကလည်း ဓာတ်ပုံကို ယူကြည့်လိုက်ပြီး
*ဒီ ဒီ လူက*
*ကျန်းဝမ်ရင်၊ ကိစ္စပြီးရင် ဖုန်းဆက်လိုက် အခုလောလောဆယ် စရံတစ်ဝက်ကြိုပေးမယ်။*
*ကျုပ်မလုပ်နိုင်ဘူး။*
ထိုသူ ငြင်းလိုက်တော့ မိန်းကလေးက အံ့သြသွားသည်။ မနေ့ညက ဖုန်းဆက်တော့ ငွေရေးကြေးရေး ကိစ္စတွေ ညှိုနှိုင်းပြီးမှ အခုတော့ မလုပ်ဘူးတဲ့လား။
*ရှင် ဘာပြောတယ်။*
*မကြားဘူးလား။ ကျုပ်မလုပ်နိုင်ဘူး။*
*ဒီမှာ ရှားလော့ ကျွန်မက ရှင့်ကို ပိုက်ဆံပေးပြီးခိုင်းတာ။ ရှင်တို့က ပိုက်ဆံလေးယူပြီး သူ့ကို ခနဖျောက်ပေးရုံဘဲ။*
ရှားလော့ - ဒီမှာ ကျောက်မိန်းကလေး။ အခု ခင်ဗျား ရောက်နေတဲ့ နေရာကို တစ်ချက်ရှိုး လိုက်။ ကျန်းဝမ်ရင် ဆိုတဲ့ ကောင်လေး ကို မဖျောက်ဘဲ ခင်ဗျားကို ပြန်ပေးဆွဲလို့ ရတယ် သိလား။
လင်းအာ - တောက်စ်!! ကြေးစား သမားကများ။ ရတယ် ရှင်တို့ မလုပ်နိုင်လည်း ကျွန်မ တစ်ခြားလူ ငှားမယ်။
ကျောက်လင်းအာ ဒေါသတကြီးနဲ့ ကားပေါ်က ဆင်းလိုက်ပြီး မလှမ်းမကမ်းမှာ ရှိနေတဲ့ မိမိ ကားဆီ လျှောက်သွားလိုက်သည်။ ကားပေါ်ရောက်တာနဲ့ ကားကို လီဗာ အကုန်တင်ပြီး ထိုနေရာမှ မောင်းထွက်ခဲ့သည်။
ရှားလော့ အစက အလုပ်ရလို့ အရမ်းကို ပျော်ရွှင်နေသည်။ အလုပ်ရှင် နဲ့ တွေ့ရတော့မှ သူ့ကို လူဖျောက်ခိုင်းတယ်တဲ့။ ဖျောက်ခိုင်းတဲ့ လူကလည်း တခြားလူ မဟုတ် ကျွန်တော်တို့ကို အနိုင်ကျင့်သွားတဲ့ ဓားခံစာ။ ရူးနေလို့ ကျွန်တော်က သူ့ကို ၃ရက်တောင် ခေါ်ထားရမှာလား။ ဒီတစ်ခါခေါ်ထား ကျွန်တော်ရှားလော့ ရေမရှိတဲ့ ချောင်းထဲမှာ နှာခေါင်းဖော်သေလိုက်မယ်။
______________
ကျန်းချန် တစ်ယောက် ရင်တွေတုန်နေသည်။ ဒီနေ့က သူရဲ့ မင်္ဂလာပွဲနေ့။ ရင်တွေခုန်လွန်းလို့ အိပ်ယာပေါ်မှာ တင်ထားတဲ့ ဆီးသီးတွေ ကို ကောက်ဝါးနေလိုက်သည်။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Fanficကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...