🍭28🍭 [ Z & U ]

1.3K 124 27
                                    

ဝေ့ - ပါးပါး

ဝေ့ပါးပါး - ဘာလဲ။

ဝေ့ - အားရင်း လေးကို မချစ်ဘူးလားဟင်။

ဝေ့ပါးပါး - ချစ်တာပေါ့ ပါးပါး မှာ ဟောဒီက သားလေးတစ်ယောက်ဘဲ ရှိတာ မချစ်ဘဲ နေမှာလား။

ဝေ့ - သားကို ချစ်ရင် သားချစ်တဲ့ လူကိုလည်း လက်ခံပေးနော်။ လန်ကျန့် က လူကောင်းတစ်ယောက်ပါ။ သားလေ လန်ကျန့် ကို အရမ်းချစ်တယ်။ သူနဲ့ဝေးရရင် သားလေ အသည်းကွဲြီပီးသေရလိမ့်မယ်။

ဝေ့ပါးပါး - ဟုတ်ပါပြီ ပါးပါး သဘောတူတယ်နော်။ လာ အောက်ထပ် ဆင်းရအောင်။

ဝေ့ - ကျေးဇူးပါ ပါးပါး။

ဝေ့ရင်း အဖေဖြစ်သူကို ပွေ့ဖက်ပြီး ပါးတွေကို တရွှတ်ရွှတ် နဲ့ နမ်းလိုက်သည်။ ဝေ့ပါးပါး မှာလည်း ပြုံးပျော်နေတဲ့ သားကို ကြည့်ပြီး ပျော်ရွှင်ရပါသည်။

လန်ချီရန် တစ်ယောက် ဒေါသတွေ အလိတ်လိုက်ထွက်..ဝေ့မော် က ဘာသဘောလဲ။ သူတို့ကို ဧည့်ခန်းမှာ ထားပြီး သင်းက အိမ်ပေါ်ကနေကို ဆင်းမလာဘူး။ တောက်စ်! ကိုယ့်တူကြောင့်မို့သာ သည်းခံနေတာနော်.. အဟင်းဟင်း

ဝေ့မားမား - အစ်ကို က သူ့သားကို အရမ်းချစ်တာ။ သူ့သားလေးက အိမ်ထောင်ပြုတော့မယ် ဆိုတော့ ၀မ်းနည်းနေတာပါ။ အစ်ကိုချီရန် နားလည်ပေးပါနော်။

လန်ချီရန် ပြုံးဘဲ ပြလိုက်တော့သည်။ သူတစ်ယောက်တည်း သူ့သားကို ချစ်တာကြနေတာဘဲ။ ငါလည်း ငါ့တူကို အရမ်းချစ်တယ် သိလား သိလား။

ကျန်းချန် - တီဖေး သားကို စပျစ်သီးလေးကျွေးပါအုံး။

ဗိုက်ကြီးသည်က တစ်မျိုး။ လန်ချီရန် စိတ်ရှည်တယ်နော်။ သူများအိမ်လာပြီး တောင်းစားနေတာ မြင်မကောင်းဘူး။ မသိရင် လန်အိမ်က မကျွေးတဲ့ ပုံစံ နဲ့။

ဝေ့မားမား - အားချန် ကိုယ်ဝန်က ဘယ်လောက်ရပြီလဲ။

ရှီးချန် - ၂ လထဲ ရောက်ပါပြီ အန်တီ။

ဝေ့မားမား - အော်။ ၂ လ ဗိုက်က တော်တော်ကြီးတာဘဲ။ အမွှာများလား မသိဘူး။

ရှီးချန် - အမွှာလေးဆို ကောင်းတာပေါ့။ ဟုတ်တယ်မလား ကလေး။

ကျန်းချန် ခေါင်းဘဲ ငြိမ့်ပြလိုက်သည်။ သူ့မျက်လုံးတွေက စားပွဲခုံပေါ်မှာ တင်ထားတဲ့ စပျစ်သီး ညိုညို အလုံးကြီး တွေကနေ မခွာဘူး။ လက်ထဲမှာလည်း စပျစ်သီးတွေ ကိုင်ထားပြီး ပါးစပ်ထဲမှာလည်း ၃ ၄လုံးလောက် ဝါးစားနေတာ။ ဒီကလေး စပျစ်သီး တော်တော်စားတယ်။

ကိုကို {ချစ်​ရတဲ့ ကိုကို} {Completed} (ZV & UV)Where stories live. Discover now