ကျန်းချန် နဲ့ ဇီရွှမ်း ကော်ဖီဆိုင်မှာ ထိုင်နေတာ ကြာပြီ။ အခုထိ ဘယ်သူမှ စကားစမပြောကြ။ မပြောတာထက် တစ်ယောက်မျက်နှာ တစ်ယောက်မကြည့်ကြဘဲ မျက်နှာလွှဲထားတာက ပိုဆိုးတယ်။
ကျန်းချန်၊ ကျင်းဇီရွှမ်း ကို မျက်လုံးစွေ ကြည့်လိုက်ပြီး စိတ်ထဲကနေ
#ဒီဒေါင်းကောင်ကို မမ ဘာကြည့်ပြီးကြိုက်လည်း မသိ။ အားချန် ရဲ့ ကိုကို ဆို လူတိုင်းကို ပြုံးပြုံးလေးနဲ့ ဆက်ဆံတာ။ ဒီအကောင်ကတော့ တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေတဲ့ ရုပ်နဲ့။ အခုလည်း ကြည့် ယောက်ဖ တစ်ယောက်လုံး သူရှေ့ထိုင်နေတာကို အဖတ်မလုပ်။ သူများတွေဆို အစ်မလိုချင်ရင် ယောက်ဖကို ကပ်ဖားရပ်ဖားလုပ်ကြတယ်။ ဒီဒေါင်းကောင် ကတော့ သောက်ကြောကြီးနဲ့ သောက်ရမ်း အမြင်ကတ်တာ။#
ဇီရွှမ်း - ကျန်းဝမ်ရင် မင်းငါ့ကို ချိန်းပြီး ဘာစကားတစ်လုံးမှ မပြောပါလား။
နောက်ဆုံး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တာက ဇီရွှမ်း။ ကျန်းချန် အဲ့တော့မှ
ကျန်းချန် - မင်း ငါ့မမ ရဲ့ လမ်းခွဲပေး။
ဇီရွှမ်း - ငါ က မင်းအစ်မ ချစ်သူနော်။
ကျန်းချန် - အေးလေ။ ငါ သဘောမတူဘူး။ အာကြောင့် မမ ရဲ့ လမ်းခွဲဖို့ ငါပြောတာ။
ဇီရွှမ်း - အုန်းပွဲ ငှက်ပျောပွဲနဲ့ ဘုရားစင်ရှေ့ ၇ ရက် ၇နှစ်လီ လောက် ဆုတောင်းနေလိုက်။ သေတောင် လမ်းမခွဲပေးဘူး။
ကျန်းချန် - ငါ သဘောမတူပါဘူးဆိုနေမှ။
ဇီရွှမ်း - မင်း သဘောမတူလည်း အသုံးမ၀င်ဘူး။ အန်တီ တို့ သဘောတူရင် ရပြီ။
ကျန်းချန် - မင်းကို ငါ ယောက်ဖ အဖြစ် ငါ မသတ်မှတ်ဘူးနော်။
ဇီရွှမ်း - ငါလည်း မင်းကို ယောက်ဖအဖြစ် မသတ်မှတ်ပါဘူး။ အားလီ တစ်ယောက်ကဘဲ ငါ့ကို သူ့ ချစ်သူအဖြစ် သတ်မှတ်ရင် ရပြီ။
ကျင်းဇီရွှမ်း ကို ဒါမျိုး လာမလုပ်နဲ့ လက်ညှိုးလေးနဲ့ တောက်ချလိုက်မယ် ဘာမှတ်နေလဲ။ ကျန်းယန်လီ ဆိုတာ ကျွန်တော် ချစ်သူ။ ကျွန်တော် ချစ်သူကလွဲ ကျန်သူအားလုံး ဖွဲနဲ့စကွဲ ဘဲ။ ယောက်ဖ ဆိုပြီး အာဏာ လာမပြနဲ့ ခေါင်းငြိမ့်ပြီး ခံမဲ့ အမျိုးအစားထဲ ကျင်းဇီရွှမ်း တို့ မပါ။
YOU ARE READING
ကိုကို {ချစ်ရတဲ့ ကိုကို} {Completed} (ZV & UV)
Fiksi Penggemarကိုကို သည်သာ အားချန် ရဲ့ ဘ၀ ကိုကို သည်သာ အားချန် မြတ်နိုးရာ ကိုကို သည်သာ အားချန် အသက် ကိုကို သည်သာ အားချန် ရဲ့ အလင်းရောင် Zawgyi ကိုကို သည်သာ အားချန်ရဲ့ ဘ၀ ကိုကို သည်သာ အားချန်မြတ်နိုးရာ ကိုကို သည်သာ အားချန်အသက် ကိုကို သည်သာ...