Zawgyi
ဒေါက် ဒေါက် ဒေါက်
Xiao Zhan : ကိုကို လား Lock မချထားဘူး ဝင်ခဲ့လေ။
Pai Liu ဝင်လာတော့ ရေချိုးခန်းထဲက သဘက်လေးသာ ပတ်ထားသော ညီငယ်လေးရဲ့ ပုံစံနှင့်။ ခါတိုင်း မည်မျှပင်တွေ့ဖူးသည်ဆိုသော်လည်း ယခုတစ်ခေါက်က ခါတိုင်းနဲ့မတူပေ။ ညီငယ်လေးရဲ့ ကုတင်ပေါ် ထိုင်းရင်း ကျွန်တော်ထိုင်ကြည့်နေလိုက်သည်။ နေရာအနှံ့  marking ရာ များပြည့်နေသည်။ ကျွန်တော့်ရင်ဘတ်ထဲက တဆစ်ဆစ်နာနေသည်။ ကလေးအနား တိုးသွားပြီး ထို marking ရာ များကို တို့ထိမိသွားသည်။
Xiao Zhan : အား ကိုကို ကျန့်ကျန့် တောင်းပန်ပါတယ်နော် မားနဲ့ ပါး ကို မပြောပါနဲ့ဦးနော်။ ကျန့်ကျန့်မှာ ချစ်သူ ရှိနေပြီ။
Pai Liu ကိုယ်တိုင်ပင် သတိမထားမိခင် မျက်ရည်များ ဒလဟော ကျဆင်းနေလေပြီ။
Pai Liu : ကျန့်ကျန့် ဒီအရာတွေမမြင်ချင်ဘူး အလုံခြုံဆုံး အင်္ကျီကို မြန်မြန် ဝတ်ထားလိုက်။
Xiao Zhan : ကိုကို ဘာလို့ ငို နေတာလဲ ကျန့်ကျန့် တောင်းပန်ပါတယ်။ အစကတည်းက ဖွင့်မပြောမိလို့ စိတ်မဆိုးပါနဲ့ ကျန့်ကျန့် အဆင်သင့် မဖြစ်သေးလို့ ပြီးတော့ ပြီးတော့ ကျန့်ကျန့် ချစ်သူက ယောက်ျားလေးတစ်ယောက်ဆိုတာကို ကျန့်ကျန့် မပြောရဲလို့ပါ။
ငိုလျက် တလဆက်ပြောနေသော် ညီငယ်လေး။ ညီ့ ချစ်သူက ယောက်ျားလေးတစ်ယောက်တဲ့လား။ ကလေးရယ် ကို့ရင်ဘတ်ကြီးထဲလဲ ဝင်ကြည့်ပါဦး။Pai Liu : မပြောနဲ့ ဘာမှ မပြောနဲ့ ဘာမှ မကြားချင်ဘူး။ အဲ့ကောင် ဘယ်သူလဲ ဘယ်ကလဲ ပြော။
Xiao zhan : ကိုကို ဘာလုပ်မလို့လဲ ဘာမှမလုပ်ပါနဲ့နော်။ ကျန့်ကျန့် သူ့ကို တကယ်ချစ်လို့ပါ ကျန့်ကျန့် အများကြီး ချစ်မိသွားလို့ပါ
ဒူးထောက်ထိုင်ပြီး ငိုလျက်ပြောနေသော ကလေး။ တခြားတစ်ယောက်အတွက် ဘယ်တုန်းက ကာကွယ်ပြောတတ်သွားရတာလဲ ကလေးရယ်။ ဒီက လူကြီးတောင် မထိရက် မကိုင်ရက် ပိုးမွေးသလို မွေးထားခဲ့ရတာ ။ ကလေးကို မြတ်နိုးလွန်းလို့ပါ သိပ်ချစ်လို့။ ချစ်လွန်းလို့ ကလေးမျက်နှာ တစ်ခုနဲ့ ကိုယ်မလုပ်ချင်တဲ့ အရာတွေအားလုံး လုပ်ခဲ့ရတာပါ ကလေးရယ်။ မငိုပါနဲ့ ။ကလေးငို ရင် ကိုကို မိုးပြိုသလိုပဲ။ ကိုကို နာကြင်နေပါစေ ကိုယ့်ကလေး ပျော်ပါစေ။
YOU ARE READING
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...