Zawgyi
ကျွန်တော်နဲ့ ကိုကိုတွဲတာ 4 ပတ်တောင်ရှိသွားပြီ။ ကိုကိုက ကျွန်တော့်ကို သိပ်ချစ်တာဗျ။ မျက်နှာတစ်ချက်အပျက်မခံဘူး။ တစ်ခါတစ်လေ ကျွန်တော် ကိုကို့တိုက်ခန်း လိုက်နေဖြစ်တယ်။ အော် ကိုကိုက သူ့အိမ်မှာ မနေဘူးလေ သူတစ်ယောက်တည်း နေတာ။ ကျွန်တော်လဲ မမေးဖြစ်ပါဘူး ကိုကို့အကြောင်း။ မေးစရာလဲ မလိုဘူးလေ ကိုကိုရော ကျွန်တော်ရောက သိပ်ချစ်ကျတဲ့ ချစ်သူတွေ ဖြစ်နေပြီကိုး။
Ring Ring :
Xiao Zhan : Hello ကို ကျန့်ကျန့်ကို လွမ်းနေပြီလား ညနေတောင်မရောက်သေးဘူး။
Wang Yibo : ကို ကလေးကို လာခေါ်တာ အိမ်ရှေ့ထွပ်ခဲ့တော့ ကိုတို့ သွားစရာ ရှိတယ်။
ချစ်သူဖြစ်စကတည်းက ကလေးအတွက် အမှတ်တရ ဖြစ်မယ့် အရာလေး မလုပ်ပေးဖြစ်သေးဘူး ။ ကလေးအတွက် မနက်ကတည်းက Park တစ်ခုလုံးငှါးပြီး အလှဆင်ထားပြီး စိတ်တိုင်းကျ ပြင်ပြီးတော့ ညနေပင်ရောက်နေပြီ။ ကျွန်တော့်ကလေးပျော်မှာပါ။
Xiao Zhan : ဟုတ် ကိုကို ခနပဲစောင့်။
ကျန့်ကျန့် Hoddie အနက် ပွပွလေးကို ဘောင်းဘီ ဒူးဖုံးလေးပဲ မြန်မြန် ဝတ်ပြီး ဆင်းလာလိုက်သည်။ပြုံးပြီးပြေးဆင်းလာတဲ့ ကျွန်တော့်ချစ်သူရယ်ပါ။ဆံနွယ်လေးတိုတိုလေးက ပျော့ပျောင်းနေပြီး လေအဝှေ့မှာ နဖူးပေါ် ယှက်ပြေးနေတာက ကျွန်တော်မနာလိုဖြစ်မိတဲ့အထိပဲ။ မျက်ခုံးထူထူ နှာတံချွန်ချွန်ဆင်းဆင်းနဲ့ ဘာမှ မလိမ်းခြယ်ထား မဆိုးပဲ ရဲနေတဲ့နှုတ်ခမ်း ပြုံးလိုက်ရင် ယုန်သွားလေးပေါ်အောင်ပြုံးတတ်ပြီး နှုတ်ခမ်းအောက်က မှဲ့နက်လေးကအထင်းသားပေါ်လို့ ခြေသလုံး သေးသေးနဲ့ ကလေးတစ်ယောက်လိုပါပဲ။ ကျွန်တော်ချစ်ရလို့ သေရပါမယ်ဆိုရင်တောင် ဆက်ချစ်နေမိမှာ။
Wang Yibo : ဘာလို့ပြေးလာနေတာတုန်း ချောလဲကုန်မှ ကို စောင့်နိုင်ပါတယ်ကွ။
Xiao Zhan : ဟီးဟီး ကို ကလဲ။ ကျန့်ကျန့်လွမ်းလို့ပေါ့။
Wang Yibo : ကို့ ချစ်သူလေး ဒီလောက် ချစ်စရာကောင်းနေတော့ ကို စိတ်မချဘူးကွာ။ အိတ်ထောင်ထဲ ထည့်ထားချင်တယ်။ ဘယ်သူမှမမြင်အောင်။
Xiao Zhan : ဟာ ကို ကလဲ 😒
နှုတ်ခမ်းလေးထော်ပြီး ပြောနေတာ က ကျွန်တော့်စိတ်ကို အနမ်းပေးဖို့ လှုံ့ဆော်နေသလိုပဲ စိတ်မထိန်းနိုင်ပေ။ ထို နှုတ်ခမ်းဖူးလေးကို ပြွတ်ခနဲ့ မြည်အောင် နမ်း လိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ မျက်နှာ တစ်ခုလုံးနီရဲကာ အရှက်သည်းနေတဲ့ ချစ်သူလေးပါ။ ကြည့် ဘယ်လောက်ချစ်ဖို့ကောင်းလိုက်လဲ ။
( အင်း ကိုယ်လဲ ပေးချင်တယ် အဲ့ နှုတ်ခမ်းလေးကို 😢)
(စကိတ်နဲ့ ထုသတ်ပစ်မှာ ဆိုင်ကယ်နဲ့ လိုက်တိုက်မှာ 😏👿)
(အင်းပါ ငါက သိုင်းတတ်တယ် မကြောက်ဘူး )
(ပိကျွေ့)(😷)
တစ်လမ်းလုံး ကျွန်တော့်ကလေး စကားတွေ တတွတ်တွတ် ပြောတာ စတွေ့တုန်းက ကလေးမှ ဟုတ်ရဲ့လား။ လူစားထိုးခံရတာလား 😴
Xiao zhan : ကိုကို ကလေးပြောတာကြားလား။ ပြောနေတာကို အာရုံမရဘူး ။
Wang Yibo : ကြားပါတယ်ကွ ။ ကို့ ကလေးက စကားတွေအရမ်းပြောနေတော့ ပင်ပန်းမှာဆိုးလို့ ဘာကျွေးရင်ကောင်းမလဲ စဉ်းစားနေတာ။
Xiao Zhan : အာ့ဆို ကျန့်ကျန့်စားချင်တာ တကယ်ကျွေးမှာလား😌
Wang Yibo : တကယ်ကျွေးမှာပေါ့ ပြောပြော ဘာစားချင်လဲ ဒါမယ့် ခနတော့နေဦး ကိုတို့ အခုသွားမယ့်နေရာသွားပြီးရင် လိုက်ကျွေးမယ်။
Xiao Zhan : ဟုတ် ။ ကိုကို အခု ဘယ်သွားနေတာလဲ ရောက်သေးဘူးလား။ ရောက်တော့မှာလား။ ကိုကို အဲ့နေရာက ဘာလုပ်တဲ့နေရာလဲ ဘာဖြစ်လို့ ကလေးကို ခေါ်သွားချင်တာလဲ ပျော်စရာကောင်းတဲ့နေရာလား
.............
Xiao Zhan : ကိုကို အင့်
ကားကို ထိုးရပ်လိုက်ပြီး နှုတ်ပိတ် မန္တနဲ့ နှုတ်ပိတ်လိုက်လေသည်။ (ပြွတ် ပြွတ် 😚)
Wang Yibo : လာ ကို တို့ရောက်ပြီ။
CITEȘTI
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...