8

1.9K 113 5
                                    

Zawgyi

Wang Yibo

စိတ်​ရှုပ်​ရှုပ်​နဲ့ XiaoZhan စီလဲ ဖုန်းမ​ခေါ်ဖြစ်​ ဘာမှလဲ မလုပ်​ဖြစ်​​ပေ။ မွန်းကြပ်​လာတဲ့ စိတ်​ကို ​ဖြေသိမ့်​ဖို့ ဆိုင်​ကယ်​ပတ်​​မောင်းပြီး မြစ်​ကမ်း​ဘေးမှာ ဘီယာ​ထိုင်​​သောက်​​နေမိသည်​။ တစ်​​နေကုန်​ ထိုင်​​သောက်​​နေလိုက်​တာ ဘယ်​နှစ်​ဗူးကုန်​သွားမှန်းလဲမသိ အချိန်​လဲ ကုန်​တာ မြန်​ဆန်​လွန်းလှသည်​။ လူက အရမ်းမူး​နေပြီး ဖြစ်​​သော်​လည်း အားယူကာ ထပြီး ဆိုင်​ကယ်​စီ တစ်​လှမ်းချင်း လှမ်းလာလိုက်​သည်​။

တစ်​​နေ့လုံး ​သောက်​ထားတဲ့အရှိန်​​ကြောင့်​ ဆိုင်​ကယ်​ပင်​​ကောင်း​ကောင်းမ​မောင်းနိုင်​​ပေ။

ဝုန်းးးး

အရှိန်​လွန်​ပြီး ဓာတ်​တိုင်​နဲ့ တိုက်​မိပြီး ဆိုင်​ကယ်​ တခြား လူတခြား လွင့်​သွားသည်​။ ထိုအချိန်​ ကားအဖြူ​ပေါ်က ​ကောင်​​လေးတစ်​​ယောက်​ သူ့စီ​ပြေးလာသည်​။

" ဝမ်​ ဝမ်​ ငါ​ခေါ်​နေတာကြားလား သတိမလွတ်​​စေနဲ့​နော်​။ ဘာလို့ဒီ​လောက်​​သောက်​ထားရတာလဲ "

အသိ စိတ်​တို့က ဝိုးတဝါး မပီမသ စကားသံတို့ တိုးသွားလို့ ကျယ်​လာလိုက်​ ​နောက်​ဆုံး အ​မှောင်​အတိ ကျသွားသည်​။

Xiao Zhan

ဒီ​နေ့ တစ်​ရက်​လုံး မိမိချစ်​သူက ဖုန်းလဲ မဆက်​ လူကိုယ်​တိုင်​လဲ လာမ​တွေ့။ ဖုန်းဆက်​​တော့လဲ ဖုန်းမကိုင်​ ချစ်​သူရယ်​လို့ဆိုတာ သူ့အ​ကြောင်း မိမိမသိ။ ရင်​ဘတ်​ထဲက ​အောင့်​​အောင့်​​နေပြီး ဘာကို ဝမ်းနည်းလို့ဝမ်းနည်းမှန်းမသိဘူး ။ သူ့အိမ်​ လိုက်​သွား​တော့လဲ အိမ်​မှာမရှိ ဘယ်​သွားလို့ ဘယ်​​ပေါက်​​နေမှန်းလဲမသိ။
ငါ့ကို တကယ်​ မချစ်​လို့များလား။ စိတ်​ပူတာ​ရော ဝမ်းနည်းတာ​ရော​ပေါင်းပြီး အလုပ်​လဲ ​သေချာ မလုပ်​နိုင်​။

ငါ့ကိုယ်​ငါ မသိလိုက်​ခင်​မှာပဲ ငါ့ဝိညာဝ်​ အစိတ်​အပိုင်း ငါ့ စိတ်​တစ်​ခုလုံး မင်းကို ပုံ​ပေးလိုက်​မိပြီ။ ငါ့မှာ နင်​မရှိရင်​မဖြစ်​​တော့ဘူး ကိုကို။ အခုလို တစ်​ရက်​​လေး​တောင်​ ငါ့ကမ္ဘာကြီးပြိုပျက်​သွားသလိုပဲ ငါ မင်းကို သိပ်​ချစ်​မိသွားပြီ ကိုကို။
ဖုန်း ကိုင်​ပါ။ငါ့ကို လာ​တွေ့ပါ။ မင်း​အ​ကြောင်း​တွေ ငါ အားလုံးသိရမှဖြစ်​မယ်​ ။ ပြီး​တော့ မင်းက ငါ့အပိုင်​ဆိုတာ လူ​တွေသိ​အောင်​ ငါ​ပြောမယ်​။ မင်းကို ငါ့အိမ်​နဲ့ မိတ်​ဆက်​​ပေးမယ်​။ ဖုန်းကိုင်​ပါကွာ ။ ထူးထူးဆန်းဆန်း နာကျင်​​နေတဲ့ ဘယ်​ဘက်​ရင်​အုံကို ဖိထားရင်း မျက်​ရည်​များ အလိုလို ကျ​နေသည်​။

ဒဏ်​ရာများနဲ့အချစ်​ [ ဒဏ်ရာများနဲ့အချစ် ]Where stories live. Discover now