Zawgyi
Xiao Pov:
ကျွန်တော် သူ့ကို သိပ်ချစ်တယ်။ သူက ကျွန်တော့်အတွက်တော့ အိုအေစစ်ပဲ။ Yibo ငါမင်းကို ချစ်တယ်ဆိုတာ မင်းအနားမှာရှိနေချိန်လေးထက် ငါ့အတွက်မင်းရှိတယ်ဆိုတဲ့ အသိလေးကို ပိုမြတ်နိုးတာ၊ မင်းနှုတ်ခမ်းက အနမ်းတွေထက် နှစ်လိုဖွယ်ရှိတဲ့ မင်းအပြုံးကို ပိုမြတ်နိုးတာ၊ မင်းကိုပိုင်ဆိုင်ခွင့်ရဖို့ထက် အချိန်တိုင်း မင်းအနားနေပြီး အမြဲပေးဆပ်ချင်ခဲ့တာပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် မင်းကိုချစ်တယ်ဆိုတာလေ ပါးစပ်က စကားလုံးတေဠထက် ငါ့ရင်ဘတ်ထဲက အများကြီး ပိုပြီးလေးနက်ခဲ့တယ် Yibo။ ငါ့ အပေါ်ခွင့်မလွတ်နိုင်အောင် ရက်စက်ခဲ့မှန်းသိသိရက်နဲ့တောင် ငါ ဘာဖြစ်လို့ ဆက်ချစ်နေရတာတုန်းလို့ ငါ့ကိုယ်ငါ မေးခွန်းတွေ ကြိမ်ဖန်များစွာမေးပြီး အဖြေထုတ်ကြည့်တိုင်းလဲ ချစ်တယ်ဆိုတဲ့အဖြေကလွဲပြီး ဘာမှဆက်ထွက်မလာပြန်ဘူး။ နင့်ကြောင့်ငါ ရူးမတက်ခံစားရရင်တောင် ငါ့ကြောင့် နည်းနည်းလေးမှ စိတ်မရှုပ်စေရဘူး။ ငါ မင်းကိုချစ်တယ်။ ပြီးတော့ခွင့်လွတ်တယ်။
Wang Yibo Pov:
လစ်လပ်သွားတဲ့ ငါ့နှလုံးသား ပျောက်ဆုံးသွားပြီ။ ငါ့အပြုံးတွေပြန်တောက်ပလာအောင် စွမ်းဆောင် နိုင်မယ့် မင်းမှမရှိတော့တာ။ အမြန်ပြန်လာပါ ချစ်သူရယ် လွမ်းဆွတ်မှုတွေ၊ တမ်းတမှုတွေနဲ့ နိုးထနေရတဲ့ ငါ့မနက်ခင်းလေးတွေ အဆုံးသတ်ပေးပါတော့ ချစ်ရသူရေ။ ကိုယ်လေ မင်းနဲ့အနာဂတ်ကိုတည်ဆောက်ချင်တယ်။ မင်းကို အလိုလိုက်ချင်တယ်၊ ပြုစုပေးချင်တယ်၊ ကာကွယ်ပေးချင်တယ်၊ တခြားလူတွေနဲ့လဲယှဉ်ပြိုင်နိုင်တယ်၊ အသက်သေဆိုလဲသေပေးနိုင်တယ်၊ ဆယ်သက်မခွဲ တွဲချင်တယ် ချစ်သူရေ။ ကိုယ့်ကြောင့် နည်းနည်းလေးမှ စိတ်မရှုပ်စေရဘူး၊ တစ်ချက်ကလေးမှ အပြုံးမပျက်စေရဘူး၊ လုံးဝ မျက်နှာအညှိုးမခံစေရတော့ဘူးကွာ။ ကိုယ်အတော်မှားခဲ့တယ်။ ခွင့်လွတ်ပေးပါ ကလေးငယ် နေရာတိုင်းမှာ မင်းပုံရိပ်တွေကို အစစ်ထင်မိတဲ့အခါ ငါ့နှလုံးသားက တဆစ်ဆစ်နာကျင်နေလေရဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး ငါ့အပြစ်နဲ့ငါပဲကို။
သိပ်ချစ်တယ် ကလေးငယ် ပြီးတော့ အခွင့်အရေးတစ်ခါလောက်တော့ရချင်သေးတယ် ချစ်ရသူလေးရေ။
YOU ARE READING
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...