Zawgyi
Xiao Zhan Pov:
အမဲစွပ်ပြုတ် နှစ်ပွဲမှာလိုက်သည်။ စဉ်းစားကြည့်တော့ ကိုကိုကြီးနဲ့ အပြင်ထွက်မစားရသည်မှာ နှစ်အချို့ပင်ရှိတော့မည်။ အခုလို လာမစားရတာကြာတော့ ကျွန်တော်ဝမ်းနည်းမိသည်။ ကျွန်တော့်အပေါ်အတော် ချစ်သည့် ကိုကိုကြီးက သူ့အရေးထက် ကျွန်တော့်ကွှိုလေးထားခဲ့သည် မဟုတ်လား။ အခု ကိုကိုကြီးကို ကြည့်ရတာ အတော်ပျော်နေပုံရသည်။
" ကိုကိုကြီး နောက်ကိုလဲ ကျန့်ကျန့်နဲ့ မကြာမကြာ အပြင်ထွက်စားရအောင်နော် "
ကိုကိုကြီးက မယုံနိုင်သလိုမျက်လုံးများဖြင့် ခေါင်းတတွင်တွင် ငြိမ့်နေလေသည်။ ကျွန်တော် ကိုကို့ကြောင့် မိသားစုကို ပစ်ထားမိနေပြီလား။ နောက်ကိုမဖြစ်ရအောင် ဆင်ခြင်မှပါ။
ထို့နောက် ဆိုင်ထဲကို ကောင်လေးနှစ်ယောက် ဝင်လာသည်။ ရင်းနှီးတဲ့ကျောပြင်လေးပဲ။ ထိုကောင်လေးနှစ်ယောက်ကိုကြည့်ပြီး ဝမ်းနည်းလာသည်။
" ကိုကိုနဲ့တူလိုက်တာ "
အမဲစွပ်ပြုတ်စားရင်း ထို ဝိုင်းကို ပြန်ကြည့်မိသွားသည်။
" ဟင် ................."
မယုံနိုင်လောက်အောင် ဖြစ်သွားသည်။ သူ သူ က ကျွန်တော့်ချစ်သူ ပင်။ ခေါင်းတွေက ခြာခြာလည်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်နေသည်။ Ph ထုတ်ပြီး Ph ခေါ်ကြည့်တော့ စက်ပိတ်ထားသည်။ ဘာတွေလဲ ဒါတွေက မဟုတ်ဘူး ငါ အိပ်မက်မက်နေတာ။ ရှိသမျှ အားနဲ့ ထို ဝိုင်းကို သွားဖို့ ထလာလိုက်သည်။ ခြေထောက်တွေက လေးလံလိုက်တာ။ ဒီနေ့ကျမှ အရာရာအားလုံး ဆုံးရှုံးသွားသလိုပဲ။ ကျွန်တော် ကျွန်တော် ...........
Pai Lui Pov:
ကျွန်တော်အရမ်းပျော်တယ်ဗျာ။ ညီငယ်လေးက နောက်ကိုလဲ အတူစားဖို့ ပြောတော့ ကျွန်တော် ကမ္ဘာကြီး တစ်ခြမ်းကို ပိုင်ဆိုင်သွားရသလိုပဲ ။ သိပ်ချစ်တာပဲ ကလေးရာ။

ВЫ ЧИТАЕТЕ
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
ФанфикZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...