Zawgyi
Ring Ring:
"ဟင် ညီငယ်လေးပဲ "
"Hello ကလေး Jilu ရေချိုးနေလို့ ကိုကိုကြီး က သူ့အိမ်မှာမို့ ဘာလို့လဲ ကလေး "" ကိုကိုလား 😢 ကျန့်ကျန့် ကို လာခေါ်ပါလား နေရာက ............"
" ဟင် လူဒီလောက်ပျက်တာ ဘာလို့ အဲ့ကိုရောက်နေတာလဲ ကလေးကောင်လေးကရော "
"နောက်မှမေးပါလား ကျန့်ကျန့်ကြောက်လို့ ကိုကို "
Pai Lui စိတ်တော်တော်ပူသွားသည်။ ကလေးက ကြောက်တယ်တဲ့။ အမြန်ထွက်လာခဲ့မိတာ ဖိနပ်တောင်မှားစီးလာခဲ့မိမှန်း မသိလောက်အောင်ကို ညီငယ်လေး မဟုတ်ဘူး ကလေးကို စိတ်ပူတယ်။
ကျွီး..
" ကလေး "
တုန်တုန်ရင်ရင်နဲ့ ရပ်နေသော ကလေးရယ်ပါ။ ကျွန်တော်ပြေးသွားပြီး ကျွန်တော့်ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားမိသည်။ ကျွန်တော့် ရင်ခွင်ထဲရောက်တော့ စိတ်ချသွားဟန်ဖြစ် တသိမ့်သိမ့် ငိုနေလေသည်။ ကျွန်တော် ကလေးကို ကားပေါ်ခေါ်သွားပြီး မေးလေသည်။"ကလေး ကောင်လေးရော "
" သူက အရေးကြီးကိစ္စပေါ်လာလို့ အရမ်းအရေးကြီးလို့ပါ ကိုကိုကြီးရဲ့ "
ကျွန်တော် စိတ်လဲတိုတယ် ပြောလဲမပြောရက်ဘူး ဘယ်လောက်အရေးကြီးကြီး ဒီနေရာမှာ ထားခဲ့ရက်တဲ့ အဲ့ကောင်ကို ကျွန်တော်မုန်းသည်။ ကျွန်တော် ပိုးလို မွေးထားတဲ့ ကျွန်တော့် ကျွန်တော့် အသက်ကိုမှကွာ။
" ကိုကိုကြီး ကျန့်ကျန့်လေးကို စိတ်မဆိုးပါနဲ့ ကျန့်ကျန့်မနေတတ်ဘူး "
ပြောရင်း ရှိုက်ကြီးတငင်ငိုနေပြန်တဲ့ အသဲ ငယ်လွန်းတဲ့ ကျွန်တော့်ညီငယ်လေးရယ်ပါ။ ကလေးကို ရင်ခွင်ထဲ
ထည့်ပြီး အသာပြုံးပြကာ" ကိုကိုက စိတ်မဆိုးပါဘူး စိတ်ပူလွန်းသွားလို့ပါ နောက်ခါဆို ဒီလိုနေရာတွေမသွားပါနဲ့ "
ကျွန်တော်ပြောချင်နာက တစ်မျိုး ပြောထွက်သွားတာကတစ်မျိုးရယ်ပါ။ ကျွန်တော့်ကလေးနဲ့ အဲ့ကောင်လေးနဲ့ ဘယ်မှမသွားပါနဲ့လို့ ပြောချင်ခဲ့တာပါ ကလေးရယ်။
YOU ARE READING
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...