Zawgyi
Li Xiao Pov:
ဝမ် အရင်လိုငါ့အပေါ်ချစ်နေပေးတာ ကျေးဇူးတင်တယ် ပျော်လဲပျော်တယ် အခုကစပြီး နင့်အပေါ်အများကြီးချစ်ပေးပြီး အများကြီးအလိုလိုက်မယ်။ နင့်အနားကလဲ ဘယ်တော့မှထွက်မသွားတော့ဘူး။ ချစ်တယ် ဝမ်။
ဒီညလေးကတော့ ငါ့ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်ပဲ။Wang Yibo:
အိပ်မက်တာဖြစ်လိုက်ချင်ပြီ။ ဘယ်ဟာကအမှန် ဘယ်ဟာကအမှားလဲဆိုတာတောင်မသိတော့ဘူး နှလုံးသားက တောင့်တတာက ဘယ်အရာမှန်းတောင်မသေချာတော့ဘူး။
ကံကြမ္မာ က ငါ့အပေါ်ဘာတွေထပ်လုပ်ဦးမလဲမသိတော့ဘူး။ ကျန့်ကျန့် ကလေး ကို့ကို ခွင့်မလွတ်ပါနဲ့။Xiao Zhan :
ဒီတစ်ညလေးတောင် မနေနိုင်တာ ကိုကိုမရှိရင်မဖြစ်တော့ဘူးထင်တယ်။ ဒီတစ်ညလေးတောင် ရင်ကွဲမတက်လွမ်းနေရတာ။ ဖြစ်နိုင်ရင် ကိုကို့ကို အနားမှာခေါ်ထားချင်တယ်။
မနက်ခင်းအိပ်ယာနိုးတော့ နူးညံ့တဲ့အနမ်းလေးက ကျွန်တော့်နှုတ်ခမ်းစီ ထိကပ်လျက်
"Good Morning ဝမ် LiLi ကြောင့်နှိုးသွားတာလား"
"......"
"ထတော့ ဝမ် ကြိုက်တဲ့ မနက်စာပြင်ထားတယ် ပြောစရာရှိတာတွေ စားပြီးမှပြောတော့နော် မွစ်"သက်ပြင်းလေးခပ်ဖွဖွချမိတယ်။ 5နှစ်ကျော်ပစ်သွားတဲ့ ချစ်ရသူကို မနာကျည်းတဲ့အပြင် ကျွန်တော့်မှာကောင်လေးရှိတယ် လို့ပြောလိုက်ရင် သူနာကျင်သွားမှာကို ပို စိုးထိပ်နေမိတယ်။ ရှောင်းကျန့် အပေါ် ကျွန်တော် တကယ်မကောင်းဘူး ။ ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောဖို့ ဖုန်းရှာတော့မှ မနေ့ကတည်းက ဖုန်းပါမလာတာ သိတော့တယ်။ ရင်ထဲ ထိပ်ခနဲ့ဖြစ်သွားပြီး အဝတ်အစားမြန်မြန်ဝတ်ကာ အိမ်သာ တန်းပြန်လာလိုက်သည်။ LiLi ကတော့ မျက်နှာငယ်လေးနှင့် တောင်းဆိုပေမယ့် လက်ရှိမှာ ကျွန်တော့်ချစ်သူက ရှောင်းကျန့်ကိုး။ ကျွန်တော် အေးဆေး စဉ်းစားချင်သေးတယ်။ ဒီပွဲမှာ ကျွန်တော်ပြတ်သားဖို့လိုမှန်း ကျွန်တော်သိပါတယ်။ တစ်ယောက်က အချစ်ဦး တစ်ယောက်က အချစ်ဆုံးမဟုတ်လား။
YOU ARE READING
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...