Zawgyi
Xiao Zhan တစ်နေကုန်လည်ထားရတော့ အတော်ပင်ပန်းပြီး စောစောအိပ်လိုက်သည်။
Wang Yi bo အိပ်ရန်ပြင်နေတုန်း unknown Ph call ဝင်လာသည်။ မသိ၍ မကိုင်ဖြစ်။
Message: ဝမ်ဝမ် ငါပြန်လာပြီ ငါနင့်ကို သိပ်လွမ်းတာပဲ ✆ ချစ်ရတဲ့ Li
WYB မယုံကြည်နိုင်စွာနဲ့ sms ကို ခနခန ကြည့်မိသည်။ တစ်ကိုယ်လုံးအေးစက်လာပြီး ရင်တွေလဲခုန်နေခဲ့သည်။
ထိုဖုန်း Call ကို ခေါ်လိုက်မိသည်။Li Xiao
ကျွန်တော်နဲ့ WYB က ငယ်သူငယ်ချင်းတွေပါ။ သူငယ်ချင်းတွေကနေပြီး ချစ်သူတွေဖြစ်ခဲ့ကျတယ်။
ကျွန်တော့် မိဘတွေက ကျွန်တော်ငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ကျလို့ ကျွန်တော့်ကို ကျွန်တော့်အဒေါ်ကပဲခေါ်ယူ မွေးစားခဲ့တာ။ ဒီလိုဆိုလို့ ကျွန်တော့်အဒေါ်က မချမ်းသာပေမယ့် စားနိုင်သောက်နိုင် လောက်ငှရုံပဲ။ Yibo က ချမ်းသာတယ် ပြီးတော့ ကျွန်တော့်ကို သိပ်သံယောဇဉ်ကြီးတယ်။ ပြီးတော့ ကျွန်တော်တို့ တက္ကသိုလ်တက်တော့ သူငယ်ချင်းကနေ အဆင့်တက်ခဲ့တယ်။ သူက အနုပညာ မေဂျာနဲ့ အတော် ရေပန်းစားပြီး လူကြိုက်များခဲ့တဲ့ Prince ပေါ့။ ကျွန်တော်က ဆေးကျောင်းတက်ခဲ့တယ်။ ကျောင်းလခ က များတော့ ကျွန်တော့်အတွက် ခက်ခဲခဲ့တယ်။ အချိန်ပိုင်းအလုပ်တွေနဲ့မလောက်ငှခဲ့ဘူး။ Yibo က သူ ပေးမယ်ပြောပေမယ့် ကျွန်တော် မယူချင်ခဲ့ဘူး။ ချစ်ရသူကို အားနည်းတဲ့ ကျွန်တော့်ပုံစံကို မပြချင်ခဲ့ဘူး။ Yibo သူက တစ်ခါတစ်လေ ကလေးဆန်ပြီး သဝန်လဲ အရမ်းတိုတတ်သေးတယ်။ ကျွန်တော့်ဘဝမှာ ထိုလူသားရှိရုံနဲ့တင် ပြီးပြည့်စုံသည်။တစ်နေ့ Yibo မိဘများသိသွားခဲ့သည်။ သေချာပေါက် ကန်ကွက်တာပေါ့ဗျာ။ Yibo တို့် တစ်မိသားစုလုံးအပြင် တစ်ဦးတည်းသော ကျွန်တော့်ဆွေမျိုးဖြစ်တဲ့ အဒေါ်လဲ အိပ်ရာထဲ ဘုံးဘုံးလဲ။ ကျောင်းတစ်ဖက်နဲ့ အဒေါ့်ဆေးရုံစရိတ် အတွက် အခက်အခဲအရမ်းဖြစ်နေချိန် Yibo အဖေက ကျွန်တော့် အဒေါ်ကို ဆေးကုပေးမယ်။ ကျွန်တော့်ကို US မှာ ကျောင်းပြီးအောင်ထားပေးမယ် သူ့သားနဲ့ လမ်းခွဲဖို့ တောင်းဆိုလာခဲ့တယ်။ တစ်ဖက်က ချစ်သူနဲ့ ကျန်တစ်ဖက်က ကျွန်တော့်ဘဝ ။ ဆရာဝန်တစ်ယောက် သိပ်ဖြစ်ချင်တဲ့ကျွန်တော့်အတွက် ရွေးချယ်မှုက မှားယွင်းကောင်းမှားသွားခဲ့မယ်။ ကျွန်တော်သန်မာမှ ကျွန်တော်ချစ်ရသူတွေကို ကာကွယ်နိုင်မယ်မဟုတ်လား။ အဲ့ဒီနေ့က စပြီး ကျွန်တော်တို့ အဆက်အသွယ် ပြတ်သွားခဲ့တယ်။
STAI LEGGENDO
ဒဏ်ရာများနဲ့အချစ် [ ဒဏ်ရာများနဲ့အချစ် ]
FanfictionZawgyi အချစ်ကို နားလည်ဖို့ကြိုးစားတိုင်း နာကျင်ရတယ် xiao zhan အချစ်ကို အချစ်နဲ့ကုစားခြင်းက မှားယွင်းမှုတစ်ခုလား wang yibo အရာအားလုံးထက် မင်းတစ်ယောက်ပဲ လိုတာပါ Li xiao နာကျင်မယ်မှန်းသိသိနဲ့ ချစ်ခဲ့တာပါ Pai Liu ကျွန်တော်ဘာမှမသိဘ...