(Zawgyi)****
-
-
-"ဖေ့. . .ဖေ. . . အီးးးးဟီးးးးး"
"အင်းပါ သားရယ်
မငိုပါနဲ့ တိတ်ပါကွာ""ကျွတ်စ်. . . ကျွတ်စ်. . . ကျွတ်စ်. . .
တိတ်ပါ ဖေဖေ့ကလေးရယ်""ဖေဖေ အလုပ်ကပြန်လာပြီလေ"
ရင်ခွင်ဆီပိုက်ထွေးထားသော
၉လသား
ကလေးငယ်လေးသည်
သူ့အား ဖေဖေဟု
မပီကလာပီကလာ ခေါ်တတ်နေပြီဖြစ်သည်။
ငယ်ရွယ်သောအသက်နှင့်
ဘယ်လိုမှအပ်စပ်မှုမရှိပါပဲ
ထိုကလေးလေးအား ရရှိခဲ့သည်။အသက်20နှင့်အိမ်ထောင်ကျပြီး
ထိုကလေးလေးသည်
သူ့ဘဝ၏
တစ်စိတ်တစ်ပိုင်းတွင်
အရေးပါစွာ
နေရာယူလာခဲ့ပါသည်။
ကလေး၏အမေမှာတော့
ထိုကလေးလေးမွေးပြီးချင်း
မီးတွင်းထဲ၌ ဆုံးပါးသွားခဲ့၏။"ကျတော့်သားကို
နို့ဗူးတိုက်ပြီးပြီလား မေမေ"အိမ်ပေါ်ထပ်မှ
ဆင်းသည့်မေမေ့ကို
သူလှမ်းမေးလိုက်သည်။
ထိုကိစ္စပြီးကတည်းက
မေမေ သူ့ကို
သိပ်မျက်နှာချင်းမဆိုင်. . .
မေမေ့အမှားတွေပါဟုပြောပြီး
အမြဲရှောင်ထွက်သွားလေ့ရှိသည်။သူဖုံးကွယ်ထားသော
သားလေးနှင့်ပတ်သတ်သည့်
အမှန်တရားတစ်ချက်သည်
သူကိုယ်တိုင်မှလွဲ၍
မည်သူ သိပါမည်နည်း. . ?"နို့ဗူးတိုက်ပြီးသိပ်ထားတာ
သားပြန်လာလို့ထင်တယ်
မြေးလေးနိုးသွားတာ"အငိုတိတ်သွားသော
ကလေးငယ်သည်
သူ့ထံ မော်ကြည့်၍နေသည်။
အရည်လဲ့လဲ့မျက်လုံးလေးတွေမှတစ်ဆင့်
နှလုံးသားထဲ
နွေးထွေးနေအောင်
စီးဆင်းသွားလေသည်။ပါးအိအိကလေးတွေကို
ဖွဖွကိုက်လိုက်သည်။"မနက်ဖြန် သားသားနာမည်နဲ့
မိဘမဲ့ဂေဟာက ကလေးတွေဆီ
လိုအပ်တာတွေ သွားလှူချင်တယ် မေမေ""သွားလေ
မေမေ အရင်လို သားကိစ္စတွေမှာ
ဝင်မစွက်ဖက်တော့ပါဘူး
အားလုံးမေမေ့အပြစ်တွေပါ
ငယ်ငယ်ရွယ်ရွယ်နဲ့သားကို
မုဆိုးဖိုဖြစ်စေခဲ့တဲ့ အပြစ်တွေပါ"
![](https://img.wattpad.com/cover/202952965-288-k867311.jpg)
DU LIEST GERADE
Dominent Jeon (Short stories)
Romantik[Zawgyi] ဘာလို့ ချစ်တာလည်းလို့ မေးရင် ဘာလို့ ချစ်မိခဲ့မှန်း မဖြေတတ်တော့အောင်ထိ မင်းဟာ မင်းဖြစ်နေခဲ့ပါတယ် ။ ငါဂရုမပြုစွာ လျှပ်တပြတ် ချစ်မိသွားခဲ့သူက မင်းမဟုတ်တဲ့ မင်း ဖြစ်နေခဲ့တာ တေးသီဌက်တွေက ပြောတယ် မင်းဆီ ပေးပို့တဲ့ စာတိုက်ပြာလေးက တစ်ဆင့်...