(Zawgyi****)
-
-
-ယနေ့ဟာ
အထီးကျန်ဆန်လွန်းသည့်
နေ့ရက်တစ်ရက်ဖြစ်သည်။
အရင်ခါများလို
နိုးထဖို့ရာ
နှိုးပေးမယ့်ဖေဖေမရောက်လာခဲ့. . .အောင့်သက်သက်နှလုံးသား၏ နောက်ကွယ်. . .
ဖေဖေဆိုသည့်ဝေါဟာရသည်
သူ့နှလုံးသားထံ
ဘယ်တော့မှ မပျောက်ပျက်တော့မည့်
ဝေဒနာအမာရွတ်တစ်ခု. . . .အချိန်နာရီသည်
လက်တံလည်ပတ်မှုနှင့်
ယှဉ်ပြိုင်ချက်အရ
8နာရီဘက်ပင်နီးလာပြီ. . .
ဖေဖေ့သားလေးဆိုပြီး
တောက်တက်လေးတစ်ကောင်လို
ကပ်တွယ်ခံပေးမယ့် ဖေဖေမရောက်လာ. . .ငယ်ငယ်ကလို
ရေချိုးပေးရဦးမလားဆိုပြီး
စနောက်ရင်း
ကလိထိုးတတ်သည့်
ဖေဖေရောက်မလာ. . .
မလွန်ဆန်နိုင်တဲ့နှလုံးသားက
နောင်တလို့မှပြောခွင့်မရှိတာ. . .ပါးနှစ်ဖက်သို့
သက်ရောက်မှုက
ပထမဆုံးပျက်ကွက်ခဲ့သည့်
ယနေ့မနက်ခင်း. . .
ဟုတ်ပါ၏။
ဖေဖေ့အနမ်းတွေပါပင်. . .
တစ်ရွှတ်ရွှတ်နမ်းတတ်သည့်
ဖေဖေ့နှုတ်ခမ်းမွှေးငုတ်တိုလေးတွေပါပင်. . .ပေါင်းစည်းလို့မရတဲ့
အခေါ်ဝေါ်တွေအဖြစ်သာ
စည်းဘောင်တွေမသတ်မှတ်ခဲ့ကြရင်. . .
တည်ငြိမ်နေတဲ့
ဖေဖေ့ရိုးသားမှုတွေကိုသာ
အရောင်မဆိုးပစ်ချင်ခဲ့ရင်. . .
အိပ်တန်းတက်တဲ့ဌက်ငယ်တွေကိုသာ
လေးကိုင်းမသင့်စေခဲ့ရင်. . . .ဖေဖေပေးသော
ကြင်နာမှုတို့
နိုးသည့်မိုးသောက်ယံတိုင်
သာလွန်တာထက်ပိုနေမည်မှာ
အသေအချာ. . .
အိပ်စက်မှုဟာ ဖေဖေဖြစ်သည့်နှယ်. . .
အိပ်မက်သည်လည်း ဖေဖေဖြစ်၏။အိပ်မက်ထဲမှာ
ဖေဖေနဲ့သားက ချစ်သူတွေ. . ."ဖွားဖွား. . . . ဘာဖြစ်တာလဲ"
ဧည့်ခန်းထဲ၌
တစ်ရှုံ့ရှုံ့ထိုင်ငိုနေသည့်
ဖွားဖွားသည်
ဘာအတွက်ကြောင့်လေလဲ. . ?
နာကျည်းဟန် အနည်းငယ်မျှပါဝင်သည့်
အကြည့်စူးစူးတွေဖြင့်
ထိုးစစ်ဆင်သည်။"ဟင့်. . .
မင်းကြောင့်. . . မင်းကြောင့်ငါ့သား. . .""ဖေဖေ. . .
သား ဖေဖေဘာဖြစ်လို့လဲ"
ESTÁS LEYENDO
Dominent Jeon (Short stories)
Romance[Zawgyi] ဘာလို့ ချစ်တာလည်းလို့ မေးရင် ဘာလို့ ချစ်မိခဲ့မှန်း မဖြေတတ်တော့အောင်ထိ မင်းဟာ မင်းဖြစ်နေခဲ့ပါတယ် ။ ငါဂရုမပြုစွာ လျှပ်တပြတ် ချစ်မိသွားခဲ့သူက မင်းမဟုတ်တဲ့ မင်း ဖြစ်နေခဲ့တာ တေးသီဌက်တွေက ပြောတယ် မင်းဆီ ပေးပို့တဲ့ စာတိုက်ပြာလေးက တစ်ဆင့်...