(Zawgyi****)
-
-
-"ယောင်းလေး
Noonaလိုက်ပို့မယ်လေ ဟင်းဟင်း. . . ""မလိုဘူး
ကျတော် Busပဲစီးသွားလိုက်မယ် Noona"အလုပ်ခွင်သွားဖို့
အိမ်ထဲက
ထွက်တုန်းရှိသေးသည်။
မနက်ခင်း၏
မသာယာသော အသံတစ်ခုနှင့်အတူ
Noonaရောက်လာ၏။
ဆေးရောင်ရဲရဲနှုတ်ခမ်းမှ
သူ့အား ယောင်းလေးဟုခေါ်လေလျှက်. . .ကိုကိုမှတစ်ပါး
မည်သူ့အားကိုမှ
မရယူလို၍
သူမကို ငြင်းဆန်ခဲ့ရပေါင်းမနည်း. . !
တစ်ကောက်ကောက်ဆိုသလို
တစ်ခါတစ်ရံ၌
လိုက်ပါလာတတ်သေးသည်။ယခုလည်း
သူမကားနှင့်
လိုက်ခဲ့ဖို့ခေါ်ပြန်ပြီ. . . .
အမျိုးသမီးတစ်ယောက်
မောင်းမယ့်ကားကို
လိုက်စီးရအောင်ထိ
သူ့ပုံဟာ
အောက်ကျလို့နေသည်လား. . ."Noonaက လိုက်ပို့ချင်လို့ပါ
ပြန်ရင် ပိုက်ဆံပေးခဲ့မယ်
မေမေ့အတွက် ဆေးဝယ်သွားလိုက်လေ"စိတ်ကို မေမေ့ကြောင့်
လျော့ချလိုက်ရသည်။
အားကိုးမှုတွေ
လူတိုင်းအပေါ် ဖီဆန်၏
မေမေ့၏ ကျန်းမာရေးသာ
ကောင်းမွန်နေခဲ့ရင်. . .
သူ ဒီလို လက်ခံမိမှာမဟုတ်ခဲ့ပေ. . .ယခုတော့
သူမ မောင်းသည့်ကားပေါ်
လိုက်ပါနေရသည်။
သိမ်ငယ်မှုတွေ. . .
မိမိကိုယ်ကို အလိုမကျမှုတွေ. .
ကိုယ့်ဘဝကိုယ်
အားမရမှုတွေ. . .ခံစားချက်မျိုးစုံ
ဖြစ်ပေါ်လာစေနိုင်သော
သိမ်ငယ်ခြင်းနှင့် . . .
ကိုယ့်အခြေနေက
ဘာဆိုတာမမေ့ရလေအောင်
သူမ အမြဲဖော်ပြလေ့ရှိသည်။ဥပမာ. . .
ယောင်းလေး ဒါစားမလား. . .
ယောင်းလေး Noonaနဲ့အတူ
ပွဲလိုက်ခဲ့ရမယ်. . .
ယောင်းလေး ဒါကို
တစ်သက်နဲ့တစ်ကိုယ် မကိုင်ဖူး မထိဖူးဘူးမလား
Noonaဝယ်ပေးမယ်လေ. . .စသဖြင့်
အနုနည်းနှင့်
သူ့စိတ်ကို သတ်သည်။
အားကျခြင်းတွေမဖြစ်. . .
မနာလိုမှုတွေမဖြစ်. . .သူအားကျရာသည်
နေစရာ ထိုင်စရာပင်
အတည်တစ်ကျမရှိသည့်
သူ့ကိုကို တစ်ယောက်ထဲ. . .
ဘာမှမရှိတဲ့
ဘာမှမပြည့်စုံတဲ့ ကိုကို့ကိုပဲ
သူအားကျသည်။
ဘာကို အားကျသလဲမေးရင်
ကိုကိုဟာ သူ့ကိုကို ဖြစ်နေလို့ကို အားကျ၏။
YOU ARE READING
Dominent Jeon (Short stories)
Romance[Zawgyi] ဘာလို့ ချစ်တာလည်းလို့ မေးရင် ဘာလို့ ချစ်မိခဲ့မှန်း မဖြေတတ်တော့အောင်ထိ မင်းဟာ မင်းဖြစ်နေခဲ့ပါတယ် ။ ငါဂရုမပြုစွာ လျှပ်တပြတ် ချစ်မိသွားခဲ့သူက မင်းမဟုတ်တဲ့ မင်း ဖြစ်နေခဲ့တာ တေးသီဌက်တွေက ပြောတယ် မင်းဆီ ပေးပို့တဲ့ စာတိုက်ပြာလေးက တစ်ဆင့်...