Rain - 2

2.1K 263 35
                                    

[ Zawgyi ]



ည၏ မှောင်မိုက်အထီးကျန်မှုထဲ
ကော်ဖီခါးခါးသည်သာလျှင်
တစ်ခုတည်းသော
အဖော်အမွန်အဖြစ်. . .
မိုးသားတို့သည် လွမ်းရိပ်တက်ကာ
ပြိုတော့မည့်နှယ်. . ငိုတော့မည့်နှယ်. . .

Night Dutyမရှိသည့်ရက်တွေ၌
ည 11နာရီဆိုတာ
များသောအားဖြင့်
မောင် အိမ်ပြန်နေကျ အချိန်ဖြစ်သည်။
ညသည် မောင်နှင့်
ယဉ်ပါးနေသော ခေတ်တစ်ခုကဲ့သို့. . .

မိုးလေးဖွားဖွားကျနေသည်မို့
ရာသီဥတုမှာ
အနည်းငယ် စိမ့်သည့်ဘက်သို့
ရောက်ရှိ၍နေသည်။
တောင်းဆုပြု ပါဆိုရင်
ရူးပစ်ချင်သည်။

"မောင့်အနားပြန်လာရဖို့ဆို
ကျတော်ဘယ်လိုပဲ
အလှောင်ပိတ်ခံရ ခံရ
ကျတော် မောင့်အနားပြန်လာမယ် "

စိတ်ရောဂါနှင့်
နှလုံးရောဂါ ယှဉ်ကာဖြစ်ပြီး
မောင်နှင့် အနီးကပ်ဆုံးနေခွင့်ရခဲ့သည်။
စိတ္တဇ္ဇဆေးရုံတက်ရဖို့ထိ
မရူးသွပ်ခဲ့ပေမယ့်
အသက်ရှုလမ်းကြောင်းပြသနာဖြင့်
နှလုံးခွဲစိတ်ပေးခဲ့တာ မောင်ကိုယ်တိုင်. . .

စိတ္တဇ္ဇဝေဒနာရှင်မို့
အများသူငါလို
လွတ်လပ်စွာ
ဆေးရုံတွင်း သွားလာခွင့်မရှိခဲ့သော်လည်း
မောင့်အချိန်တွေအကုန်လုံး
သူပိုင်ဆိုင်ခဲ့ရ၏။

လှောင်ပိတ်ထားတဲ့
ဆေးရုံခန်းလေးအတွင်းမှာ
မောင်သာ တစ်ယောက်တည်းရှိတဲ့
အသိစိတ်. . .
ဘာကိစ္စပင်ဖြစ်စေ
မောင်နှင့် အတူကုန်ဆုံးစေခဲ့သည်။

မောင့် ဂရုဏာတွေ ၊
မောင့် နူးညံ့ခြင်းတွေ ၊
မောင့် သနားစိတ်တွေ ၊
မောင့် ဟန်ဆောင်တာဝန်ကျေခြင်းတွေ ၊
အစစအရာရာအားလုံးမှာ
နှလုံးသားသည်
လိမ်ညာခြင်းဒဏ် သင့်ခဲ့၍. . .

အခြေနေမှန်သို့
ရောက်ရှိလာသည့်အခါ၌
မောင့်ကို နှင်ထုတ်မိခဲ့သည်။
မောင့်ဟန်ဆောင်ခြင်းတွေ
သိခွင့်ရခဲ့၏။
ထိုအချိန်မှစရင်း
မောင့်အပေါ် အမြဲကန့်လန့်တိုက်ခဲ့ပါသည်။

ရောဂါဘယတို့
ကင်းစင်ပျောက်ပျက်သွားသည့်အခါ
ဘယ်လိုမောင်းထုတ် မောင်းထုတ်
စိတ်မဆိုး ဗွေမယူခဲ့တဲ့မောင်က
အလိုက်တစ်သိ ထွက်ခွာသွားခဲ့ပြီ. . ။

Dominent Jeon (Short stories) Donde viven las historias. Descúbrelo ahora