(Zawgyi***)
-
-
-မသေသပ်သော
အခန်းငယ်လေးတစ်ခုအတွင်း၌
သူ့စာကြည့်စားပွဲခုံလေးရှိသည်။
တန်ဖိုးမကြီးသည့်
မီးအိမ်ဝါဝါလေးဟာ
ကိုကိုပေးထားသည့်
အဖိုးတန်လက်ဆောင်လေး. . . . .ကိုကို ဆိုသည်မှာ
မနက်ဖြန်တွေ. . .
ကိုယ့်အတွက်ဆိုတာတွေ. . .
ဘာဆိုဘာမှ
ထည့်မတွက်ပဲ
သူဘာလိုအပ်လဲ. . .?
သူ ဘာစားချင်လဲ. . . ?
သူ့မုန့်ဖိုးကုန်ပြီလား. . ?
စသော မေးခွန်းတွေနှင့်
နေ့စဉ်တစ်ဝဲလည်နေတတ်တာ
ကိုကို့စိတ်ကိုဖတ်တတ်သည့် သူသည်သိ၏။မိုးရေစက်ကလေးတွေ
မြေ၌ ခလေရဲ့. . . .
သွန်းရွာလာတဲ့
တဖွားဖွားလေးတွေမှာ
ပဉ္စလက်ဆန်သည့်ကိုကိုသည်
မိုးကြိုးသွားတစ်ခုဖြစ်သည် . . . ။
တစ်နည်းအားဖြင့် ဆိုရသော်. . .
သူ့နှလုံးသား၏
အနက်ရှိုင်းဆုံးကို
တိုးငင်သွားတဲ့ ဓားသွားတစ်ခု. . .ချွန်မြမြဓားသွားဖြစ်သော
ကိုကိုသည်
သူ့အပေါ်၌
အနိုင်ယူ မင်းမူခြင်းမရှိပါပဲ
သူကိုယ်တိုင်က
ကိုကို့လွှမ်းမိုးမှုအောက်မှာ
ကျောက်ဆိုင်တစ်ခုလိုနေခဲ့သည် . . . ။သူကိုယ်တိုင် လက်ခံထားသော
ကိုကို့ လွှမ်းမိုးမှုတွေကို
သူ ချစ်ပါ၏။
အရောင်မဲ့တဲ့အဝတ်စားက
သူ့မျက်လုံးထဲ
မိုးကောင်းကင်ကြားက
တိမ်တိုက်တစ်ခုအလား. . .ကြမ်းထော်သည့်
ပါးနှစ်ဖက်က
သူ့နှာခေါင်း၏
လိုလားစွာ ခစားဖို့ရန် ဌာနေတစ်ခု. . . . .
အသားမာတက်နေသည့်
လက်နှစ်စုံသည်
သူ့ဘဝတစ်ခုလုံးအတွက်
အလင်းရောင် ကမ်းသည်။တမူထူးခြားစွာ
ပြည့်စုံခြင်းမရှိတဲ့
ကိုကို့ကိုသာလျှင်
သူသည် ချစ်၏။
နေလောင်ကွက်တို့
စိုးမိုးထားရာ မျက်နှာပြင်သည်
သူ့၏ အသက်ဆက်ဖို့ရာ အောက်စီဂျင်. . . .အိပ်မက်မှစ
လက်တွေ့ဘဝထိတိုင်
တောင့်တသည့်အရာဟာ
ရခဲလှသော
ကိုကို့အပြုံးများ. . .
အနာဂတ်ကို မကြောက်ဘူး
အနာဂတ်မှာ ကိုကိုနေထိုင်တယ်. . . ။ကိုကိုနဲ့မှ မဟုတ်ခဲ့ရင်. . .
ကိုကို့ကိုမှ မချစ်မိခဲ့ရင်. . .
ကိုကို့ကိုမှ မပိုင်ဆိုင်လိုခဲ့ရင်. . . .
ESTÁS LEYENDO
Dominent Jeon (Short stories)
Romance[Zawgyi] ဘာလို့ ချစ်တာလည်းလို့ မေးရင် ဘာလို့ ချစ်မိခဲ့မှန်း မဖြေတတ်တော့အောင်ထိ မင်းဟာ မင်းဖြစ်နေခဲ့ပါတယ် ။ ငါဂရုမပြုစွာ လျှပ်တပြတ် ချစ်မိသွားခဲ့သူက မင်းမဟုတ်တဲ့ မင်း ဖြစ်နေခဲ့တာ တေးသီဌက်တွေက ပြောတယ် မင်းဆီ ပေးပို့တဲ့ စာတိုက်ပြာလေးက တစ်ဆင့်...