(Zawgyi****)
-
-
-နှစ်ပေါင်းများစွာ
တိုင်အောင် သူ့ဆီ
ဖေဖေပြန်မလာသေးပါ. . .
စောင့်ဆိုင်းရသည့်
သက္ကရာဇ်သည်
ကမ္ဘာမြေကြီးပင်
ပျက်သုဉ်းလုဆဲဆဲအလား. . .ထိုနေ့ကစောင့်ခဲ့တယ်
ဟင့်အင်း
ဖေဖေပြန်မလာဘူး. . . .
နေတွေဝင်ခဲ့တယ်
မျိုးတွေ ဆုံးဆုံးချုပ်ခဲ့တယ်. . .
မနက်ခင်းတွေ
ထပ်မံအလည်ရောက်လာပြန်တယ်ထုဆစ်ထားတဲ့
ပြောင်းလဲမှုတစ်ဖုံအချစ်တွေ၏
အထီးကျန်ခြင်းကို
သည်းမခံနိုင်သော
မနောတွေက
သူ့အားအရောက်ပို့လိုက်သည်။သေခြင်းတရားဆီသို့. . .
လေပြည်၏
ထိုးခွင်းမှုသည်
ပါးလွှာသော
အဖြူရောင်အကျီကို
လွင့်မျောစေလျှက်. . . .
မျက်လုံးတွေစုံမမှိတ်မိပါဘူး. . .
ဒါပေမယ့် အလိုလျောက်မှိတ်ကျသွားခဲ့တယ်. . . .ဖေဖေဆိုတဲ့
အက္ခရာမရှိမှတော့
သူဆိုတဲ့
ဝေါဟာရကရော
ဆက်လက်ရှိနေပါလိမ့်မလား. . . .အဝေးပြေးလမ်းမတစ်နေရာဖြစ်သည်။
မိုင်ကုန်လုနီးပါး
မောင်းနှင်ကြသော
ကုန်တင်ကားများကို
ကြည့်ရင်း
အပြုံးတစ်ပွင့်. . .
နာကျင်လှသော အပြုံးတစ်ပွင့်. . . .တရုတ်စကားပန်းနံ့လေးတွေ
သင်းသင်းလေးရလာသလို. . .
ထို့ထက်. . .
ထိုပန်းဆိုသည့် ရနံ့ထက်
ထိုရနံ့သည်
ဖေဖေ့ကိုယ်သင်းနံ့. . .
အာရုံကြောတွေတင်မဟုတ်
အနံ့ခံနိုင်သည့် အင်္ဂါရပ်သည်ပင်
ဖေဖေ့ရက်စက်ခြင်းအောက် ဒူးထောက်သည်။ဖေဖေ သားဆီမလာဘူး. . .
ဖေဖေ ရက်စက်တယ်. . ."ပြန်မလာတော့ဘူးလား ဖေဖေ
သားစောင့်နေမယ်ဆိုတာ
ဖေဖေမသိလို့လား. . .
ဖေဖေဘယ်ကိုသွားတာလဲ
အစပျောက်သွားတဲ့ဖေဖေ့ကို
သားဘယ်လိုလိုက်ရှာရမှာလဲ ဖေဖေရယ်""သား ဖေဖေ့ကို ချစ်တယ်
အဖေတစ်ယောက်လိုတော့
ဖြူစင်စွာမချစ်နိုင်ခဲ့ပေမယ့်ပေါ့""တစ်နေရာရာဆီက ဖေဖေကြားပေးပါ
သားဖေဖေ့ကို ချစ်တယ်
သားဖေဖေ့ကို နှုတ်ဆက်ခဲ့ပါတယ်"လေစိမ်းတို့ပင်
ပိုမိုတိုက်ခတ်လာလေသည်။
တစ်ဝီဝီသော
ကုန်တင်ကားများက
လမ်းမထက်၌
အဆက်ပြတ်သည်ဆို၍မရှိ. . .
အဝေးပြေးလမ်းမကျယ်သည်
ဖြောင့်ဖြူးလို့နေသည်။
STAI LEGGENDO
Dominent Jeon (Short stories)
Storie d'amore[Zawgyi] ဘာလို့ ချစ်တာလည်းလို့ မေးရင် ဘာလို့ ချစ်မိခဲ့မှန်း မဖြေတတ်တော့အောင်ထိ မင်းဟာ မင်းဖြစ်နေခဲ့ပါတယ် ။ ငါဂရုမပြုစွာ လျှပ်တပြတ် ချစ်မိသွားခဲ့သူက မင်းမဟုတ်တဲ့ မင်း ဖြစ်နေခဲ့တာ တေးသီဌက်တွေက ပြောတယ် မင်းဆီ ပေးပို့တဲ့ စာတိုက်ပြာလေးက တစ်ဆင့်...