နွေဒဏ္ဍာရီ လွမ်းစေလို - III

1.7K 215 21
                                    

[ZawGyi]
-
-
-
-

"အင်းးးးးးဟင်းးးးအင်းးးးး "

"အရှင် "

မျက်စိတို့ကို
မှေးမှိတ်၍
တစ်ဟင်းဟင်း ညည်းနေသော
အရှင့်ပါးလေးဆီ
လက်တွေ နယ်ကျော်လိုက်မိ၏။
နူးညံ့လွန်းသော အထိတွေ့က
သွယ်လျခြင်း၌ ဆင်းသက်စပြုသည်။

နွေခေါင်ခေါင်၌
အေးနေသူအဖို့
ဘယ်အရာကိုများ
နွေးထွေးစေခြင်းဌာ
အသုံးပြုရပါမည်နည်း. . . .

သတ္တိတွေ ရှေ့တန်းတင်ခဲ့သော အရှင်. . .
မာန အတ္တတရားတွေနှင့်
လွှမ်းမိုးနေခဲ့သော အရှင် . . .
ဇွဲလုံ့လတို့ ထက်သန်စေခဲ့သောအရှင်. . .
ထိုကဲ့သို့သော အရှင်၏
အားနည်းချက်တစ်ခုသည်
နေမကောင်းချိန်၌
ကလေးတစ်ယောက်သဖွယ်. . ,

မာကျောသော ဂူ၏
ကျောက်ဖျာ ကျောက်ဆိုင်သားတို့ကို
မရင်းနှီးစေကာ
အရှင့် ခေါင်းလေးသည်
သူ့ပေါင်ထက်၌ လဲလျောင်း၍. . .

"သတိထားလေ အရှင် "

တစ်ညလုံး
ရေတွေစိုနေခဲ့ပြီးမှ
နွေရာသီ၏
ဇာတိက ပြလို့လာခဲ့တာဖြစ်မည်။

ကျစ်ကျစ်တောက်သော နေလုံး၏
စိုးမိုးမှုထဲ
ကြမ်းတမ်းသော သူသည်
တစ်စုံတစ်ရာမျှ မထိခိုက်ခဲ့ပေမယ့်
နူးညံ့သည့် အရှင်ကတော့  . . . .

"ဆေးမြစ်သွားရှာခဲ့မယ် အရှင် "

"အင်းးးးးးဟင်းးးးးး "

စကားပြန်မပြောနိုင်အောင်ထိပင်
ဝေဒနာပြင်းထန်ပုံရသည်။
သာမန်အခြေနေဆို
ဒူးထောက်ခိုင်းမှာ မှန်ခဲ့သော်လည်း
အရှင်ရယ်. . .
နေမကောင်းသော မိစ္ဆာဆိုးတို့
ပယ်ပျောက်ပါစေလော့. . .

"ဟင်းးးးးးး. . . အင်းးးးးးးးး "

"အရှင် ကျွန်တော်ဆေးမြစ်စုံရယ်
အသားတစ်ခုခုရယ် ဖော်ခဲ့မယ် "

"အနောက်. . .အင်းးးးး
  အနောက်ဘက် . .ကျွန်းဆွယ်မှာ. . . ဟင်းးး
  သားရဲတိရစ္ဆာန်မရှိဘူး "

"အသားစားမှ အားရှိမှာ အရှင်ရဲ့
ကျွန်တော် မရရအောင် ဖန်တီးခဲ့ပါ့မယ် "

ဒါဟာ ဘယ်နေရာလည်းဟု
ပြန်မေးခဲ့သည့် အရှင်က
အနောက်ဘက်ကျွန်းဆွယ်၌
သားကောင်မရှိဟု ဆိုသည်။
ယောကျာ်းကတိ တည်စေရမည်။

Dominent Jeon (Short stories) Onde histórias criam vida. Descubra agora