နွေဒဏ္ဍာရီ လွမ်းစေလို -Final

2.3K 216 42
                                    

[Zawgyi]

နှလုံးခုန်သံ ဝါးမြိုခဲ့သည့်
ဆွဲဆောင်ခြင်း နတ်ဘုရား. . .
အချစ်တွေဖြင့်
ပြန်ပေးဆပ်စေ. . .

-
-
-

ရူးမိုက်ရာ
လေရိုင်းများ
တိုးခွေ့ဝင်ရောက်ခဲ့သည့်
တစ်ခါတစ်ရံသော ညတစ်ည. . .
တောင့်တမှုဟာ ဘာလည်းဆိုရင်
တောင့်တမှုဟာ ကျတော့်အရှင်. . .

နှစ်လိုခြင်းသည်
အချစ်မှ
ဆင်းသက်သည်ဟု
ကောက်ချက်ချလျှင်
ရယူခြင်း၌
စွဲလမ်းစိတ် ပျက်ပျယ်ခဲ့လို့လား. . ?

နိုင်ငံတစ်ခုရဲ့
ဦးတည်ချက်ထက်
တိုင်းပြည်တစ်ခုရဲ့
ရှင်သန်ချက်. . .
ထားခဲ့မယ်မှန်းသိပါရဲ့
နေတတ်အောင်တော့ မသင်ပေးခဲ့ဘူး. . .

"ဂျုံးကု "

"ခင်ဗျာ "

ကမ်း၌ တင်သည်မို့
ကျောက်ဂူတွင်း အေးစိမ့်၏။
နွေလယ်ပေမယ့် အေးတယ် . . .
နေသာပေမယ့်
ညအခါ၌ ချမ်းစိမ့်ဆဲ. . .

မီးပုံနား၌
ဆွေးမြေ့မြေ့ထိုင်နေသည့်
သူ့ပခုံးပေါ်သို့
လေးလံသည့်အရာတစ်ခုနှင့်အတူ
နားသည် အရှင့်အသံပြပြအောက်
နွေးခနဲ ထွေးခနဲ. . .

လေးလံသည့်အရာသည့်
အရှင့်မေးစေ့ဖြစ်လိမ့်မည်။
အနေစိပ်လာပေမယ့်
လက်ထိပ်ကလေးချင်း ထိတွေ့တာ ၊
ပေါင်ပေါ်ခေါင်းအုံးတာကလွဲ
ထယ်နှင့် ဘယ်လိုမှ
ဆက်လက်မရင်းနှီးခဲ့ဖူးသည်။

ရင်ခုန်သံ
တစ်ဒုတ် ဒုတ်၏
ပြန်ကြားချက်သည်
သူ့နားအတွင်းထိတိုင်
ထိုးဖောက်လျှက်. . .
ရင်ဘတ်ပေါ်ပါ  ပွတ်သပ်သည့်
အရှင့်လက်ကလေးတို့နောက်. . .

"ဘာ. . ဘာလိုလို့လည်း ထယ် "

"ငါ, ဟင်းးးး
ဒါ ရှက်စရာကိစ္စတော့ မဟုတ်ပါဘူး
ဒါပေမယ့် ငါရှက်မိတယ်
ငါ. . ငါဆာလောင်နေလို့ ဂျုံးကု "

အမှန်ပင်
မညာသည့် အရှင့်အသံသည်
သက်သေပါပင်. . .
နား , နားသို့ အတင်းကပ်လျှက်
ထိုအချဉ်းအရာသည်
အရှင် ခွင့်တောင်းနေခြင်းလား. . .

ချစ်၏ မချစ်၏
ဝန်ခံမှုမပြု ကြလည်း
ခေတ်အခြေနေအရ
သခင်သာလိုချင်ပါလျှင်
ကျေးကျွန်တို့မည်သည်
ဘယ်အရာပင်ဖြစ်စေ ပေးရဆဲ ပေးရမြဲ. . .

Dominent Jeon (Short stories) Donde viven las historias. Descúbrelo ahora