Rain - Final

3.2K 325 33
                                    

( Zawgyi )





ရက်စက်သော မိုး၏
ခေါ်ဆောင်ရာသည်
အလွမ်းဖြစ်သည်။
အတည်တစ်ကျမရှိခဲ့ကြတဲ့
သတိရမှုတွေမို့
လောင်မြိုက်လွယ်ချက်၏
သရုပ်ပြ ဇာတ်တစ်ခုလို. . .

စီဒီချပ်တို့
ကွေ့လူးလည်ပတ်ခြင်းရဲ့
အထပ်တစ်ရာမကလှသော
အသံဖိုင်များလို. . .
ကော်ဖီတွေ ခါး၏။
နှလုံးသား၏ သွေးရည်အိုင်တို့ ညှီစို့၏။

ဟိုးအမြင့်က ရေစက်ကဲ့သို့
တိမ်ကြားတစ်နေရာက
ကြယ်တစ်ပွင့်ကို မကြွေပျက်စေသလို
မည်းညိုခြင်း အခိုးအလိပ်တွေ၏
စေတန်ဆိုးဖြစ်သည်။

အချစ်က လမ်းညွှန်မလိုဘူး
ကြော်ငြာတွေ မလိုဘူး
အကြောင်းပြချက် မရှိဘူး
ဖွင့်ဆိုချက်တွေ အသုံးမဝင်ဘူး
အချစ်သည် အချစ်ဖြစ်ခြင်းထက်
မောင်သည် မောင်ဖြစ်ခြင်းက
သူ့အတွက် အလေးသာခဲ့သည်မို့. . .

မောင့်နေ့ရက်တွေ
ပြန်လည်ရောက်ရှိလာစေလေ. . .
မောင့်နေခြည်တွေ
ပြန်လည်အသက်ဝင်နိုင်စေဖို့
ကျတော့်ဒေသသည်
ထာဝရအတွက်
မောင့်ရင်ခွင်သာ ဖြစ်စေဖို့. . .

ကျတော့်ရပ်ဝန်းတိုင်းသည်
မောင်ရှိရာ ဖြစ်လာစေဖို့. . .

" ယောင်း. . . "

မောင့်အသံသည်
ချိုလွင်တောက်တီးလျှက်
ညနေခင်းကို
အဖော်ပြုသည်။
မောင့်အိမ်မှာ ပြန်နေသည့်
အချိန်တွေ ရက်တွေကြာလာသည်နှင့်အမျှ
မောင်နှင့် ပိုကာ အနေနီးလာ၏။

Dutyအတွက် မောင့်ကို
အကျီလဲပေးခွင့်ရသည်။
မောင့်ခေါင်းမှ ဆံစတို့ကို
ဖြီးသင်ခွင့်ရသည်။
ဒီလိုနှင့် မိုးရာသီတောင်
ကုန်တော့မည် ။

" ညနေခင်းမအိပ်ရဘူးလေ
  ဆောင်းဝင်တော့မှာ
  ယောင်းဖျားလိမ့်မယ် "

" အင့်. . မျက်လုံးဖွင့်လို့မရဝူးးးး "

မောင်သည်
သူပျောက်ကွယ်သွားမှာ
စိုးသည်ဆိုသည့် အကြောင်းပြချက်နှင့်
အိမ်ဆေးခန်းထောင်ဖို့တောင်
ခွင့်တင်ထားပြီးဖြစ်သည်။
အဘက်ဘက်မှ ပြည့်စုံလေသော
ကဏ္ဍတွေက မဏ္ဍပ်တိုင်တပ်၍သေးသည်။

" ယောင်းဟာ မောင့်အပိုင် " တဲ့. . .

" ယောင်း ထဦး
  မောင်ဗိုက်ဆာပြီ "

You've reached the end of published parts.

⏰ Last updated: Jul 23 ⏰

Add this story to your Library to get notified about new parts!

Dominent Jeon (Short stories) Where stories live. Discover now