Daddy - 3

7.4K 744 21
                                    

(Zawgyi****)
-
-
-

အချိန်တွေ
နှောင်း၍လာခဲ့သည်။
ရာသီအဖုံဖုံကို
ကျော်လွန်လျှက်. . .
နေ့နှင့်ညများစွာ
ကူးလူးလျှက်. . .
နေဝင်ချိန်တွေ ဖြတ်ကျော်လျှက်. . .

ပင်လယ်ရေတို့
မခမ်းသည့်တိုင်
ဖြစ်ထွန်းအပ်သော အချစ်တို့
သွေးသားမဟုတ်သည့်
သားငယ်လေးအပေါ်၌လည်း
ပိုသည်ထက်ကို ပိုရင်း. . .

ကြယ်တာယာတွေကို
လှန်လှောပြီးပြောချင်ရဲ့. . .
ဖေဖေ့သားလေးသာ
ဖေဖေ့ဘဝပါလို့. . .
ထိုလှို့ဝှက်ချက်ကြီးအား
ကလေးငယ်ကို ပေးမသိစေလို. . .

သူ့အပေါ်ခင်တွယ်သလောက်
သူ့အပေါ်
ဆိုးနွဲ့လွန်းသည့်
သားငယ်လေးသည်
ယခုဆို လူပျိုပေါက်အရွယ်ပင်ရောက်လာပြီ. . . ။
ရိုးရိုးသားသားနှင့်
သားအရင်းလေးလို
အချစ်တွေပုံပေးခဲ့ပါသော်ငြား. . .

တစ်ခါတစ်ရံများမှာ၌
ထူးဆန်းသော
ရင်တွေ
တုန်လို့လာတတ်သည်။
ထိုခဏတိုင်း၌လည်း
ကော်ဖီသောက်တာကြောင့်ဟု
ကောက်ချက်ချဖြစ်ခဲ့ပါသည်။

*13-10-2018 (Sunday)
  ဒီနေ့ ဖေဖေ့ကလေးလေး
  ဖေဖေ့ကို စိတ်ဆိုးသွားတဲ့နေ့*

ရေးလက်စ
ဒိုင်ယာရီစာအုပ်လေးကို
ပိတ်လိုက်သည်။
မွမ်းကျပ်မှုတွေက
နေမလပ်ခဲ့. . .
ပုံစံပျက်ယွင်းနေသည့် ထိုစာအုပ်ကြောင့်
အနည်းငယ်တော့ စိတ်ခုသွားသည်။
သော့ခတ်၍ သိမ်းမိပါ၏။
သားသာမြင်သွားခဲ့သည်ရှိသော်
သူ့အဖေအရင်းမဟုတ်ဟု
ခေါင်းထဲစွဲထင်ရင်း
နာကျည်းသွားလိမ့်မည်။

အချိန်နာရီသည်
စက္ကန့်လည်ပတ်မှုအရ . . .
ည၇နာရီအတိ. . .
သားငယ်လေးပြန်မလာသေး. . .
စိတ်ဆိုးစိတ်ကောက်တတ်သည့်
ထိုကလေးသည်
အမြဲဂျစ်တိုက်နေကျပင်. . .
ငယ်ငယ်ကလိမ္မာသလောက်
ကြီးပြင်းလာတော့ ဆိုးချက် ဆိုးချက်ဆိုတာ. . .

"မေမေရေ. . .
  ကျတော့်သား ခုထိပြန်မလာသေးဘူး"

"ဖုန်းဆက်နေပါတယ်သားရယ်
  စိတ်အေးအေးထားပါ"

ထိုင်မရ ထမရဖြစ်နေသောသူ့မှာ
အဘယ်သို့များ
စိတ်အေးအေးထားနိုင်ပါလိမ့်. . .
တစ်စုံတစ်ရာထိခိုက်သွားခဲ့ရင်
ရင်ကျိုးရမှာက
သူကိုယ်တိုင်ပင်. . .
ရီးစားတွေအထည်လဲထားနေတာမို့
တားမိပါရဲ့. . .
သားငယ်လေးက သူ့ကိုဖီဆန်စပြုလာပြီ. . .

Dominent Jeon (Short stories) Onde histórias criam vida. Descubra agora