Ko Ko - 4

4.7K 551 52
                                    

(Zawgyi***)
-
-
-

ယနေ့ဟာ
လျောက်လွှာဖြေရသည့်
နောက်ဆုံးရက်ဖြစ်သည်။
သို့သော်
သူ့စိတ်တွေသည် အစိုးမရခဲ့. . .
တစ်နည်းအားဖြင့်ဆိုရသော်
ကိုကိုနှင့် ခရီးထွက်ဖို့ကိုတောင်
ပျော်ရွှင်မှုသည်မရှိခဲ့. . . .

အခန်းထဲမှ
လေးပင်ပင်ခြေလှမ်းတွေဖြင့်
ထွက်၍လာမိသည်။
ဒီအချိန်ဆို
ကိုကို ရောက်နေရော့မည်။
ဖြေနေစဉ်အတွင်း. . .
နေ့စဉ်ရက်ဆက်
အပြင်က သစ်တုံးလေးဘေး
ကိုကို ထိုင်စောင့်နေတတ်သည်။

စိတ်ပိစီးနေရသည့်
အကြောင်းရင်း. . .
ဘယ်လို ဘယ်ဝါမှ
ပြင်ဆင်ခွင့်မရနိုင်တော့တဲ့
ကံကြမ္မာအခြေနေ. . .
မှောင်မိုက်သောလမ်းကို
တင်းတင်းတိုးမိသဖွယ်. . .

မနက်ဖြန်ဆိုပင်
သူမ နှင့် စေ့စပ်ရမည်ဖြစ်သည်။
အောင်စာရင်းမှာ
မိမိ နာမည်ပါလာပြီးသည်နှင့်ပင်
သူမ နှင့် လက်ထပ်ရမှာဖြစ်၏။
မေမေ့ ကျန်းမာရေးသာ
အကောင်းပကတိတိုင်းရှိနေခဲ့ရင်
ဘယ်လောက်ကောင်းလိမ့်မလဲ ကံကြမ္မာရယ်. . . .

ချစ်တိုင်းသား
ညားကြကြေးဆို. . .
မချစ်တိုင်းသာ
ကွေကွင်းရကြေးဆို. . .
ကံကြမ္မာကြီး
ဈေးပေါသွားမှာပေါ့. . . .

ဒါကြောင့်
ကိုကိုနှင့် ခရီးသွားဖို့ကို
စာမေးပွဲနောက်ဆုံးနေ့ဟု
ရက်ရွှေ့လိုက်ခြင်းပင်. . .
အရာရာအားလုံးထက်ကို ပို၍
ကိုကို့ကို ချစ်ပါသည်။

"အူကြူးးး
  ကိုကို ဒီမှာ. . .   "

ကိုကို့ဆီ
တည့်တည့်လျောက်သွားနေတာကိုပင်
ကိုကိုက ဒီမှာပါဟု
လက်လှမ်းပြသေးသည်။
ကိုယ့်ကိုကိုယ် ကိုကိုဟု
မသုံးနှုန်းခဲ့ဖူးလို့လားမသိ. . .
ကိုကို ထိုသို့ပြောလာသည့်အခါ
ရင်ခုန်သံတို့ ဗလောင်ဆူလျှက်. . .

"ကိုကို.. . ."

ဝင်လာပါဟု
ဖိတ်ခေါ်သော
ရင်ခွင်ကျယ်ဆီ
အတင်းပစ်ဝှေ့လိုက်သည်။
သမုဒ္ဒရာ၏ မပြီးဆုံးနိုင်သော
လှိုင်းခတ်သံလို. . .
မြေပြင်ထုထည်၏
ရပ်တည်နိုင်သော ခိုင်မာခြင်းလို. . .
သံသရာတစ်ဖက်ကမ်း၏
လင့်ငံ့သွားသော ကြိုးကြာတစ်ကောင်လို. . .

Dominent Jeon (Short stories) Donde viven las historias. Descúbrelo ahora