ဝမ်သခင်မကြီး
ဦးလေးလော့ပြောတဲ့စကားတွေကြောင့်
သွေးတွေမတရားဆောင့်တက်နေသလိုခံစားနေရတယ်လူတကာကိုပတ်ချေနေတဲ့ သားလေးကလေ
မွေးပေးတဲ့အမေနဲ့အဖေကိုတောင်
စိတ်မထင်ရင်မထင်သလိုချေတတ်တဲ့ကလေးက
ကောင်လေးတစ်ယောက်ရဲ့လက်ထဲမှာ
ငြိမ်ငြိမ်လေးနေနေတယ်တဲ့လားဒါနဲ့ကလေးကရန်ဖြစ်တယ်တဲ့
သူကအနိုင်ကျင့်ခံရပြန်တာလား.
မထုံတတေးမျက်နှာလေးနဲ့
ဘာဖြစ်ခဲ့တာပါလိမ့်အိမ်ရောက်ကတည်းက
ခြေထောက်သေးသေးလေးတွေနဲ့
သူ့အခန်းထဲပြေးဝင်သွားတာ
ခုထိထွက်မလာသေးဘူးရိပေါ်လေးမမွေးခင်ကအလုပ်အရမ်းများတဲ့
ဝမ်လင်မယား.
ရိပေါ်လေးမွေးလာတော့အလုပ်တွေကိုလျော့လုပ်ကြတယ်
ဒါပေမဲ့ကလေးကိုသိပ်အချိန်မပေးဖြစ်ခဲ့ဘူးဦးလေးလော့လက်ထဲမှာကြီးပြင်းလာတဲ့ရိပေါ်လေးက
ခုဆိုအသက်၇နှစ်တောင်ပြည့်တော့မယ်ငယ်ငယ်တုန်းကမားမားပါးပါးဆိုပြီး
မေးပေမဲ့.မေးတဲ့အချိန်တိုင်းမရှိတဲ့သူတို့ကြောင့်
ရိပေါ်လေးကဖာသိဖာသာပဲနေခဲ့တယ်မိုးတွေရွာတဲ့နေ့ကျရင်
မိုးခြိမ်းသံတွေကြားလည်း
စောင်ကိုခြုံပြီးနေတယ်
အသံသေးသေးလေးတောင်မထွက်ဘူးအမှောင်ထဲမှာတစ်ယောက်တည်းရှိနေတာကိုမနှစ်သက်တာကြောင့်ညဘက်အိပ်ရင်မီးအမြဲဖွင့်တယ်
ဝမ်မားမားတစ်နေ့ခရီးကပြန်ရောက်တော့
ရိပေါ်လေးကအရွယ်နဲ့မလိုက်တည်တည်ငြိမ်ငြိမ်လေးစကားလည်းသိပ်မပြောဘူး
အေးစက်စက်လေးရယ်သားလေးဆိုပြီးခေါ်တော့
လှည့်ုကြည့်တယ်
ရင်ခွင်ထဲတော့ရောက်မလာခဲ့ဘူးအနားကိုသွားပြီးပွေ့ဖက်တော့
ငြိမ်ငြိမ်လေးနေရင်း
ရင်ခွင်ထဲတိုးလာတယ်ပစ်ထားခဲ့လို့ဝမ်မားမားနောင်တရနေပြီ
ဝမ်ပါးပါးကလည်းတိုက်ဆိုင်စွာအိမ်ကိုစောပြန်ရောက်လာတယ်ဧည့်ခန်းထဲမှာသားလေးကိုဖက်ထားတဲ့မိန်းမကိုတွေ့တော့
မဆုံဖြစ်တဲ့အကြောင်းတွေကိုသတိရသွားတယ်
အပေါ်ကနေအုံ့မိုးပြီးဖက်ထားလိုက်တယ်
![](https://img.wattpad.com/cover/203635876-288-k571192.jpg)