ကလေးကစားတဲ့ပန်းခြံအသေးလေးဆီသို့
ကောင်လေးတစ်ယောက်ပိတ်ကားချပ်တွေဆေးတွေ
အစုံအလင်နဲ့ရောက်လာတယ်
အလယ်တန်းကျောင်းသားဝတ်စုံလေးနဲ့ပန်းချီဆွဲဖို့အတွက်ထောက်တိုင်ကိုထောင်တယ်
ပိတ်ကားချပ်ကိုနေရာချတယ်.
အရောင်တွေစပ်ပြီးတဲ့နောက်
ပုံကိုစဆွဲဖို့ပြင်တယ်ပြေးလွှားဆော့ကစားနေတဲ့ကလေးငယ်တွေကိုကြည့်ပြီး
ထိုကောင်လေးကပြုံးတယ်ဆရာမပေးလိုက်တဲ့အိမ်စာအတွက်
ပန်းချီဆွဲဖို့ဒီနေရာကိုရောက်လာခြင်း
ပြုံးရယ်ပြီးဆော့နေတဲ့ကလေးတွေကို
ကြည့်ရင်းရင်ထဲပျော်လာတယ်..ကိုယ်ကတစ်ဦးတည်းသောသားဖြစ်တာကြောင့်
ကိုယ့်ထက်ငယ်တဲ့သူတွေကိုမြင်ရင်
ဂရုစိုက်ပေးချင်တယ်အနေအေးတာကြောင့်အပေါင်းအသင်းသိပ်မရှိတဲ့
ရှောင်ရှောင်းကျန့်လေး
သူ့အတွက်သူငယ်ချင်းကယွီပင်းတစ်ယောက်ပဲရှိတယ်
ဒီနေ့ယွီပင်းကမအားတာကြောင့်
တစ်ယောက်တည်းပန်းချီဆွဲဖို့ထွက်လာခဲ့တာစုတ်ချက်ကိုစဆွဲဖို့ပြင်နေတဲ့အချိန်
ထောက်တိုင်ကိုလာမှန်တဲ့ဘောလုံးတစ်လုံး
အားကခပ်ပြင်းပြင်းပဲဘောလုံးလာတဲ့နေရာကိုကြည့်လိုက်တော့
ကလေးငယ်ငယ်လေးတစ်ယောက်ကို
သူ့ထက်အနည်းငယ်ကြီးတဲ့သူတွေက
အနိုင်ကျင့်နေတယ်.ခပ်ဆိုးဆိုးကောင်လေးက
ထိုကလေးငယ်ကိုရိုက်တောင်ရိုက်ဖို့ရွယ်နေပြီကလေးငယ်လေးကလည်း
ခပ်ပေပေလေးတစ်ခွန်းမှပြန်မဆိုဘဲပေကပ်နေတယ်
ရှောင်းကျန့်ကဒီအတိုင်းကြည့်မနေနိုင်တော့ဘူးကလေးလေးရှေ့ဝင်ကာလိုက်တော့
သူ့ကိုမော့ကြည့်လာကြတယ်
သူ့ခါးလောက်ပဲရှိတဲ့ကလေးလေးတွေ"တစ်ယောက်နဲ့တစ်ယောက်အနိုင်မကျင့်ရဘူးလေ."
စကားလေးတစ်ခွန်းပဲပြောရသေးတယ်
ထွက်ပြေးသွားတဲ့ကလေးအုပ်စု
သူများကိုအနိုင်ကျင့်တုန်းကကျအနိုင်ကျင့်ပြီးတော့နောက်ကကလေးလေးကတော့
သူ့ဘောလုံးကိုသွားကောက်ပြီး
ပြန်ဖို့ပြင်နေတယ်.
