စားပြီးသောက်ပြီးတဲ့အခါ
ရှောင်းကျန့်ကပန်းကန်တွေဆေးနေတယ်သူကရိပေါ်ကိုပြန်ဖို့ပြောရမလား
ချီတုံချတုံဖြစ်နေတယ်ညရှစ်နာရီထိုးတော့မယ်
ပြန်လွှတ်လို့အဆင်ပြေလောက်ပါတယ်ရိပေါ်.မင်းမပြန်သေးဘူးလား
ရိပေါ်သူ့ကိုပြန်ဖို့မေးတာစောင့်နေတာ
ဒီငပိန်းလေးကလူတိုင်းကို
ဒီလိုပဲဆက်ဆံပေးနေကြလားတံခါးပေါက်ဝရောက်ပြီးမှ
ပြန်လှည့်ပြီးမေးလိုက်တယ်မသိချင်ဘူးလား ဘာလို့ဒီလိုတွေလုပ်ပေးနေတာလဲ
နည်းနည်းလေးတောင်မသိချင်ဘူးလားပြောပြပေးရမှာလား
လုပ်ချင်တာလုပ်တဲ့သူကရှင်းပြပေးရမယ်လေ
ရှောင်းကျန့်ရဲ့ဘဝကြီးကရိပေါ်ကိုတွေ့ပြီးနောက်ပိုင်း
ထိခိုက်ဒဏ်ရာလေးတွေရလာတာ.ဘယ်နားကနေထွက်ထွက်လာတာလဲ
တစ်ခါတလေကျအရိပ်တောင်မမြင်ရအောင်
ဘာလို့ပျောက်သွားလဲတစ်ယောက်တည်းနေရတာကျင့်သားရနေတဲ့ဘဝကို
ပိုင်စိုးပိုင်နင်းနဲ့လာဖျက်ဆီးနေတဲ့ကလေးလေးဟုတ်တယ်ကလေးလေး
ငါ့ထက်ငယ်တယ် စကားကိုကောင်းကောင်းမွန်မွန်
ဘယ်တော့မှမပြောတဲ့ကောင်စုတ်လေးလဲမေးခွန်းပေါင်းများစွာနဲ့
ရှောင်းကျန့်ကတိတ်တိတ်လေးငြိမ်နေတယ်
ရိပေါ်ထပ်မမေးတော့ဘူး
ဒီတိုင်းပဲဆက်သွားရလည်းအဆင်ပြေတယ်အိမ်ထဲပြန်လွှတ်လိုက်တယ်
ရပ်ထားတဲ့ဆိုင်ကယ်ပေါ်တက်မယ်ကြံပြီးမှ
ရှောင်ပင်းပြောတဲ့စကားကိုသတိရသွားတယ်အခုတလောသူခိုးတွေသောင်းကျန်းနေတယ်
အဘိုးအိုပေါက်စလေးကသူ့အိမ်မှာခိုးစရာမရှိမှန်းသိတော့
အေးအေးလူလူနေနေတဲ့ပုံ သူ့အကျင့်အရ
ဘာကိုစိုးရိမ်မှန်းမသိတဲ့စိတ်နဲ့အိပ်ရေးပျက်ညတွေဆက်နေတဲ့ပုံပဲခွေးသူခိုးတွေ.
အကုန်လုံးကိုရှင်းပစ်မယ်
ကျိုးချန်ကိုဖုန်းဆက်ပြီး
လူနည်းနည်းလွှတ်ခိုင်းလိုက်တယ်
ရှောင်းကျန့်ကတော့ဆယ်နာရီဆိုတာနဲ့အိပ်ပျော်သွားပြီ