11

2.8K 353 10
                                        

အိမ်ပြန်တဲ့လမ်းမှာရှောင်းကျန့်လေးလေးပင်ပင်နဲ့.
ဝမ်ရိပေါ်ကTracer85
Tracer 85ကဝမ်ရိပေါ်
သူ့ခေါင်းထဲအဲ့စကားလေးနှစ်လုံးကလွန်ဆွဲနေတယ်

ရှောင်းကျန့်တို့ရပ်ကွက်ကဆိတ်ငြိမ်တဲ့နေရာလေး
လူလည်းနည်းနည်းပြတ်တယ်
အိမ်နီးနားချင်းတွေကတသီးတခြားဆီနေကြတယ်
ဖော်ဖော်ရွေရွေသိပ်မရှိပေမဲ့
ရှောင်းကျန့်ကတော့အကုန်လုံးနဲ့
ခင်အောင်နေတယ်

အေးဆေးလမ်းလျောက်လာတဲ့သူ့ကို
ဝင်တိုက်သွားတဲ့သူပြန့်ကျဲသွားတဲ့အိတ်ထဲကအရာတွေ
ရှောင်းကျန့်ရဲ့အိတ်တော့မဟုတ်ခဲ့ဘူး

အဒေါ်ကြီးတစ်ယောက်ကအော်ပြီးပြေးလာတယ်
သူ့ရဲ့ပိုက်ဆံအိတ်ကိုအလစ်သုတ်သွားလို့တဲ့

ရှောင်းကျန့် အဲ့အိတ်ကိုပြန်လုလိုက်တယ်
ထိုလူကပြန်ဆွဲတယ်
ငယ်ငယ်လေးကတည်းကအေးဆေးနေလာတဲ့
ရှောင်းကျန့်လေးကကိုယ်ခံပညာလည်းမတတ်ဘူး
ပြန်ဆွဲယူသွားတဲ့အိတ်နဲ့အတူ
ရှောင်းကျန့်ကမြေပေါ်ဖုတ်ခနဲကျရော

အိတ်ကိုယူပြီးထွက်ပြေးသွားတဲ့သူက
ခဏနေတော့လူတစ်ယောက်ဆွဲခေါ်လာတာခံရတယ်

အဒေါ်ကြီးကကျေးဇူးတင်ကြောင်းပြောပြီး
ပြန်သွားဖို့ပြင်တယ်
ရှောင်းကျန့်ကိုတစ်ချက်တောင်လှည့်မကြည့်ဘူး!

ခင်ဗျားကျေးဇူးတင်ရမှာသူ့ကို
သူ့ကိုကျေးဇူးတင်ကြောင်းပြော.

သတ်ဖြတ်တော့မယ့်အရိပ်အယောင်တွေနဲ့
ထိုလူကအေးစက်စက်စကားသံတွေပြောနေတယ်

အိတ်ကိုအလစ်သုတ်သွားတဲ့သူရဲ့မျက်နှာကလည်း
ရစရာတောင်မရှိတော့ဘူး

အဒေါ်ကြီးကကြောက်လာတယ်
ခပ်မြန်မြန်ပဲတောင်းပန်ပြီးပြေးထွက်သွားတယ်
နည်းနည်းလောက်သာထပ်ကြာသွားရင်
သူ့ကိုပါသတ်တော့မလားပဲ

ထလာတဲ့ရှောင်းကျန့်ကို
သေချာစိုက်ကြည့်နေတဲ့ရိပေါ်ကြောင့်
သူ့မှာအိုးတိုးအမ်းတန်းတွေဖြစ်လို့

ကိုယ်သဘောကျအားကျရတဲ့သူကကြည့်တော့
ရှိန်တာပေါ့.

ရိပေါ်.ဒီနားမှာကိစ္စရှိလို့လား

It Must Not Mean Love! [ Zawgyi ]Dove le storie prendono vita. Scoprilo ora