8

2.8K 348 7
                                    

အခုတလောရုံးကကောင်မလေးတွေက
CEOရုံးခန်းရှေ့မယ်တရုံးရုံးနဲ့

ရှောင်းကျန့်တို့ရဲ့ရုံးခန်းတွေလို
မှန်တွေမကာထားဘဲ
ပိတ်ပိန်းနေတဲ့အဖြူရောင်တွေကိုသာသုံးထားတယ်

အဲ့လောက်ထိမမြင်ရတာကိုဘယ်လိုချောင်းကြည့်နေကြလဲ
မပြောတတ် ဖောက်ထွင်းဝိဇ္ဇာတွေများလား

ရှောင်းကျန့်တော်တော်ကြာ
ကွန်ပျူတာရှေ့ထိုင်ထားတာကြောင့်
ခါးတွေညောင်းကိုက်နေပြီ

အညောင်းပြေလမ်းလျောက်ရင်း
ကော်ဖီလေးဝယ်သောက်ဖို့တွေးလိုက်တယ်.
ရုံးခန်းရှေ့မယ်ပြုံနေတဲ့မိန်းကလေးတစ်စုကို
မနည်းရှောင်ရှားသွားရတယ်.

ကော်ဖီပူပူလေးသောက်တတ်တဲ့ရှောင်းကျန့်
အေးနေတဲ့ရာသီဥတုနဲ့အံကိုက်ပဲ

ပြာယာခတ်နေတဲ့မိန်းကလေးတွေက
သူ့ကိုမမြင်ဘဲဝင်တိုက်မိသွားတယ်
ကော်ဖီပူတွေကလက်တွေကိုပေကုန်တာအများအပြား

ဝမ်ပါးပါးကရုံးခန်းထဲမှာစာရင်းတွေနဲ့ရိပေါ်ကိုထားခဲ့တယ်
သူကတော့ရှယ်ယာရှင်တစ်ချို့နဲ့သွားတွေ့နေတယ်
စာရင်းတွေစစ်ပြီးတဲ့ရိပေါ်က
ကျိုးချန်နဲ့ဆိုင်ကယ်ပြိုင်စီးဖို့ချိန်းထားတယ်

သူကမပြန်ခင်တစ်စုံတစ်ယောက်ကို
သွားကြည့်ဖို့မမေ့ဘူး
အခန်းထဲကနေထွက်လာတော့
အုံနေတဲ့မိန်းကလေးတွေကအလျိုလျိုထွက်ပြေးကုန်တယ်

တစ်စုံတစ်ယောက်ရဲ့အသံသေးသေးလေးက
သူ့ရင်ထဲမယ်စိုးထိတ်မှုတွေပြည့်စေတယ်

"အား.."

ကော်ဖီပူပူတွေကြောင့်
ရှောင်းကျန့်လက်လေးရဲတက်လာတယ်
ဝင်တိုက်မိတဲ့ကောင်မလေးက
တောင်းပန်ကြောင်းတဖွဖွပြောနေတယ်

ရှောင်းကျန့်ကပြုံးပြုံးလေးနဲ့ရပါတယ်လို့ပြန်ပြောတယ်
ဒါပေမဲ့သူတော်တော်ပူသွားတာ
ရဲနေတဲ့လက်ကသက်သေပဲ

ရိပေါ် ကဖြတ်ခနဲလက်ကိုဆွဲယူကြည့်တယ်

"အယ်.ဟိုကောင်လေး."

အခုတလောဒီကောင်လေးကိုခဏခဏတွေ့နေရတယ်

"ရူးနေလား ဟမ်.ဒီလောက်ရဲနေတာကို"

It Must Not Mean Love! [ Zawgyi ]Tempat cerita menjadi hidup. Temukan sekarang