ရှောင်းကျန့် ကားလေးပေါ်ကနေဆင်းပြီး
သူ့အိမ်လေးထဲဝင်သွားတယ်
အိမ်လေးကပိုင်ရှင်လိုချစ်စရာလေး
တစ်ထပ်တိုက်ပုလေးက
ရိပေါ်ငယ်ငယ်တုန်းကမြင်ဖူးခဲ့သလိုမျိုးပဲ
ဘာမှမပြောင်းလဲဘူးတစ်ယောက်တည်းနေရတဲ့ရှောင်းကျန့်ဟာ
ဆယ်နာရီထိုးတာနဲ့အိပ်ရာဝင်ပြီ
သူတခြားဘာမှမလုပ်နိုင်ဘူး
ချက်စားဖို့ကိုစိတ်ကူးပေါက်မှထလုပ်တယ်
အမြဲတမ်းအသင့်စားတွေ
ဒါမှမဟုတ်မှာစားတာတွေနဲ့ပဲနှစ်ပါးသွားတယ်.ဒီနေ့တော့ရေမိုးချိုးပြီးပေါင်မုန့်လေးစားပြီး
အိပ်ရာဝင်လိုက်တယ်
ပင်ပန်းနေပြီ...မီးပိတ်သွားတဲ့အိမ်လေးကိုမြင်မှထွက်ခွာသွားတဲ့ကားလေး
ဖုန်းကိုကြည့်လိုက်တော့
အဝင်ကောလ်တွေကကျိုးချန်နဲ့မားဆီကကျိုးချန်ကိုသူမေ့သွားတာပဲ..
ဖုန်းပြန်ဆက်လိုက်တဲ့အခါကြားလိုက်ရတဲ့အဆဲသံတွေ
ဆူညံနေတာပဲ."မင်းဒီနေ့ပြိုင်ဖြစ်ဦးမှာလား
ဝမ်ချောင်ရန်ကမင်းနဲ့ပြိုင်ဖို့စောင့်နေတယ်""ငါ့ဆိုင်ကယ်ရှိတယ်မလား."
"ယူထားပါတယ် အဖေ.
လူသာမြန်မြန်လှမ်းခဲ့ပါကြာရင်သတ်ပွဲတွေဖြစ်ကုန်မယ်"ကျိုးချန်နဲ့အပျော်တမ်းစီးဖို့လုပ်ထားတဲ့ဆိုင်ကယ်ပွဲလေးက
အမြဲရန်လိုနေတဲ့ဝမ်ချောင်ရန်ကြောင့်
လောင်းကစားပွဲဖြစ်တော့တာပဲမားဆီကိုအိမ်မပြန်ဖြစ်တဲ့အကြောင်းဖုန်းဆက်တော့
"မင်းအဖေစိတ်ဆိုးနေတယ်
ပြန်လာရင်ချော့လိုက်ဦး."ရယ်မောသံနဲ့ပြောတဲ့မားကြောင့်
ရုံးခန်းထဲဒေါသတလူလူဖြစ်နေတဲ့ပါးကိုပြေးမြင်သွားတယ်
အဖေကိုအနိုင်ကျင့်တဲ့သားဆိုးလေးTracer 85ဆိုတဲ့နာမည်ကအလကားရခဲ့တာမဟုတ်ဘူး
သေလုနီးပါးလေ့ကျင့်ခဲ့ရတာတွေကြောင့်
အကျိုးကိုပြန်ခံစားရတာပဲ
သူ့ရဲ့အောင်မြင်မှုတွေကိုထိုသူအားကျစေချင်လို့တခြားသူ့မှာဘာရည်ရွယ်ချက်မှမရှိဘူး
Tracer85နဲ့အပြိုင်တော်တဲ့
Tracer32