4.

3.3K 358 1
                                        

ရှောင်းကျန့်ကလေးလေးကိုစကားတွေအများကြီးပြောနေတယ်
သူကငြိမ်ငြိမ်လေးနားထောင်နေတယ်..

မုန့်လေးတွေဖောက်ပြီးနည်းနည်းစီကျွေးနေတယ်
မငြင်းဘဲကောင်းကောင်းမွန်မွန်လေးစားနေတယ်

ရှောင်းကျန့်ကျောင်းမတက်ဖို့ဆုံးဖြတ်လိုက်တာ
ဂုဏ်ယူလို့မဆုံး.ဒီကလေးလေးနဲ့သူရင်းနှီးချင်တယ်

တစ်ဖက်မှာစောင့်နေရတဲ့ဦးလေးလော့က
ချွေးတွေစိုရွှဲလို့.
ရပ်နေတာနေ့တစ်ဝက်လောက်ရှိနေပြီ

ခုဆိုကျောင်းမသွားတာဝမ်သခင်မကြီးသိနေလောက်ပြီ.
သခင်လေးမျက်နှာလေးကပြုံးနေသယောင်လေး

ထိန်းခဲ့တဲ့ကာလတွေမှာ
မျက်နှာလေးကပြုံးယောင်တောင်မသန်းခဲ့ဘူး

တစ်ယောက်တည်းသီးသန့်နေတတ်တဲ့သခင်လေး
အခုတော့လူတစ်ယောက်ကိုခင်တွယ်နေတတ်ပြီ

ကောင်းခြင်းလားဆိုးခြင်းလားမပြောတတ်ပေမဲ့
သခင်လေးသာပျော်မယ်ဆိုရင်
ကောင်းခြင်းလို့ပဲသတ်မှတ်လိုက်မယ်

ရိပေါ်လေးကစိတ်ထဲပျော်နေတယ်
တခြားသူကတစ်ခုခုပေးတာဖြစ်စေ
ကျွေးတာဖြစ်စေငြင်းဆန်တတ်ပေမဲ့

ဒီလူကျွေးတာကိုတော့သူကောင်းကောင်းကြီးကို
စားဖြစ်နေတယ်
ကျောင်းသွားရမယ်မှန်းသိသော်လည်း
မသွားချင်ပေ
အနီးနားတွင်ရပ်စောင့်နေသော
ဦးလေးလော့ကိုစာနာမိသော်လည်း
ဒီလူအနားကနေတစ်ဖါးဝမှမခွာချင်ဖြစ်နေတယ်

ရှောင်းကျန့်မှာဖုန်းလေးရှိတယ်
မားမားကအရေးကိစ္စရှိရင်ဆက်ဖို့ဆိုပြီး
ဆိုင်အပိုငွေလေးထဲကဝယ်ပေးထားတာ

တဒီးဒီးမြည်လာတဲ့ဖုန်းကြောင့်
လွယ်အိတ်ထဲအသာနှိုက်ပြီး
ဖုန်းကိုကိုင်လိုက်တယ်

သူ့ကိုမော့ကြည့်လာတဲ့ကလေးလေး
တဆိတ် မျက်ဝန်းတွေကအရည်လဲ့နေသလားလို့

"ရှောင်းကျန့် ပန်းချီပြိုင်ပွဲဝင်ဖို့မေ့နေတာလား."

ယွီပင်းပြောလိုက်တဲ့စကားကြောင့်
အခုမှသူလုပ်ရမယ့်အရာတွေကိုသတိရသွားတော့တယ်

It Must Not Mean Love! [ Zawgyi ]Место, где живут истории. Откройте их для себя