7

3.1K 354 15
                                        

ပွေ့ချီခံရတဲ့ကိုယ်လေးက
သေးသေးသိမ်သိမ်လေး
ခြေတံရှည်ရှည်တွေကလွဲလို့တစ်ကိုယ်လုံး
ရိပေါ်ရင်ခွင်ထဲမြှုပ်နေခဲ့တယ်

အမူးသမားလေးကရယ်လို့ကောင်းနေတုန်း
ကားပေါ်ကိုဂရုတစိုက်နဲ့တင်ပေးလိုက်တယ်
ကလေးလေးတွေကိုပွေ့ပြီးချပေးသလိုလေး

ခါးပတ်ကိုသေချာပတ်ပေးပြီး
ထိုင်ခုံကိုအိပ်လို့အဆင်ပြေအောင်လုပ်ပေးလိုက်တယ်
ဆောင်းဝင်ခါစဖြစ်နေလို့အနည်းငယ်အေးနေတာကြောင့်
ရိပေါ်သူ့ရဲ့ကုတ်အကျီကိုလွှားပေးထားတယ်

တကယ်ပဲသေးလိုက်တာ ကျစ်.

ကုတ်အကျီအောက်မြှုပ်သွားတဲ့ကိုယ်လေး
မျက်နှာပဲမြင်ရတော့တယ်

ဘာတွေစားသောက်ပြီးနေနေတာလဲ တကယ်ပဲ

အနွေးဓာတ်ရှိတာကြောင့်အမူးသမားလေးက
အိပ်မောကျလို့

ရိပေါ်ကားစက်ကိုနှိုးလိုက်တယ်
မောင်းထွက်သွားတဲ့ကားအဖြူလေးက
ကားလမ်းမပေါ်မှာလျပ်ပြေးလျက်

ပြသနာကအဲ့မှာစတာပဲ
ဘယ်ကိုခေါ်သွားရမှန်းမသိဘူး.
ကြံရာမရတဲ့အဆုံးရိပေါ်သူ့ရဲ့ကွန်ဒိုဆီကိုသာခေါ်လာတော့တယ်

တစ်ခါမှမသောက်ဖူးတဲ့ရှောင်းကျန့်လေး
နိုးလာတော့ခေါင်းတွေကိုက်နေတယ်

အခန်းအနေအထားကကြည့်ရတာ
သူ့အခန်းမဟုတ်ဘူး
သူ့အခန်းကအပြာရောင်နဲ့အဖြူရောင်လေး
အခုကမီးခိုးရောင်ကြီး..

မကြာခင်ဖွင့်ဝင်လာတဲ့လူတစ်ယောက်
လက်ထဲမှာခွက်လေးတစ်ခွက်နဲ့
သံပုရာရည်လားပျားရည်လား.

ပုံမှန်လူသာဆိုရင်
မေးခွန်းတွေအများကြီးမေးနေမှာ
ရှောင်းကျန့်ကတော့မမေးခဲ့ဘူး

ပေးလာတဲ့ပျားရည်ခွက်လေးကို
ငြိမ်ငြိမ်လေးသောက်တယ်
နာရီကိုကြည့်လိုက်တော့ ၆ခွဲ.

"ခေါ်ထားပေးလို့ကျေးဇူးတင်ပါတယ်
သွားခွင့်ပြုပါဦး"

သူ့ရှေ့ကလူသားက
ပျားရည်သောက်ပြီးတာနဲ့
ထွက်သွားဖို့ပြင်နေတယ်

ဘာတစ်ခွန်းမှမမေးဘဲကျေးဇူးတွေတင်နေတယ်
ဒီလိုခပ်တုံးတုံးရိုးသားတဲ့လူသားကို
ဘယ်လိုစိတ်ချပေးရမလဲ

It Must Not Mean Love! [ Zawgyi ]Où les histoires vivent. Découvrez maintenant