6

3.2K 354 13
                                    

သာယာတဲ့မနက်ခင်းလေးပါပဲ
ဒီနေ့ကရှောင်းကျန့်ပထမဆုံးအလုပ်ဝင်တဲ့ရက်
အရင်ကမိသားစုအစုံအလင်လေးရှိတဲ့အိမ်မှာ
ခုတော့ရှောင်းကျန့်တစ်ယောက်တည်း

ကျန်းမာရေးသိပ်မကောင်းတဲ့ပါးဟာ
ရှောင်းကျန့်ကျောင်းမပြီးခင်အလုပ်ကနေနားခဲ့တယ်
အခြေတကျရှိနေပြီဖြစ်တဲ့ဆိုင်လေးကြောင့်
ရှောင်းကျန့်တို့မိသားစုစားဝတ်နေရေးကအဆင်ပြေခဲ့တယ်

ပေကျင်းမြို့မှာနေရတာထက်
မွေးရပ်မြေဖြစ်တဲ့ချုံကျင်းမြို့လေးမှာသာနေချင်တဲ့ပါးကြောင့်
ရှောင်းကျန့်ကျောင်းပြီးတဲ့အခါ
မွေးရပ်မြေကိုပြန်ပြောင်းသွားကြတယ်

ဆိုင်ဝင်ငွေလေးရယ်စိုက်ခင်းကရတဲ့အသီးအနှံလေးတွေ
ရောင်းလို့ရတဲ့ပိုက်ဆံတွေကစားဖို့သောက်ဖို့အဆင်ပြေပေမဲ့
ရှောင်ပါးပါးအတွက်ဆေးဖိုးမကျန်ပေ

ကျောင်းပြီးရင်ပန်းချီဆရာလုပ်တော့မယ်ဟုတွေးခဲ့ပေမဲ့
ဒါပေမဲ့ရှောင်းကျန့်ကGraphic Designerသာလုပ်ခဲ့တယ်

ဒီဇိုင်းပိုင်းမှာအမြင်ရှိတဲ့ရှောင်းကျန့်ကို
အလုပ်ရှင်ကသဘောကျတယ်

တစ်စုံတစ်ယောက်ကတော့လုံးဝကိုသဘောကျနေခဲ့တာပေါ့

Wang Group.
ကြီးကျယ်လွန်းသလိုအောင်မြင်လွန်းတဲ့ကုမ္ပဏီမှာ
ရှောင်းကျန့်အလုပ်ရတယ်.

ပထမဆုံးရက်မှာနောက်မကျချင်တာကြောင့်
စောစောထပြီးပြင်ဆင်နေခဲ့တာ
ဒါပေမဲ့သူစိတ်လှုပ်ရှားလွန်ပြီး
နောက်ကျတော့မလို့

ကုမ္ပဏီအထဲကိုဝင်လာတယ်
လည်ဆွဲကဒ်လေးမှာ
ရှောင်ရှောင်းကျန့်ဆိုတဲ့နာမည်လေးကိုကြည့်ပြီးပြုံးမိတယ်
နောက်ဆုံးတော့အလုပ်ရခဲ့ပြီ

အရင်ကတခြားကုမ္ပဏီမှာအလုပ်ဝင်ခဲ့ပေမဲ့
သူ့ရဲ့ဒီဇိုင်းတွေကိုချပြခွင့်မရခဲ့ဘူး
သူကတောက်တိုမယ်ရသာသာပဲ
သည်းမခံနိုင်တဲ့အဆုံးအလုပ်ထွက်မယ်လို့ပြင်လိုက်ပေမဲ့
ချက်ချင်းလက်ငင်းအလုပ်ကတန်းမရနိုင်တာကြောင့်သာ
ငြိမ်နေခဲ့တာ.

သူအဆင်မပြေဖြစ်နေတာကိုသိတဲ့ယွီပင်းက
သူ့ကုမ္ပဏီမှာ ဝင်ဖို့ပြောတယ်
ဒါပေမဲ့သူမဝင်ဘူး.

It Must Not Mean Love! [ Zawgyi ]Where stories live. Discover now