သွေးအိုင်ထဲမှာလဲနေတဲ့သူတစ်ယောက်
ကလေးမလေးတစ်ယောက်က
လည်ချောင်းကွဲမတတ်အကူအညီတောင်းနေလည်း
လာကယ်မဲ့သူမရှိခဲ့ဘူးမာနကြီးလွန်းပြီးတခြားသူကိုမတူသလိုဆက်ဆံတဲ့
ယန်းCEO
သူ့မိန်းမနဲ့သူ့ကလေးက
လက်စားချေချင်တဲ့သူတွေရဲ့ပျော့ကွက်ဖြစ်ခဲ့တယ်စီးပွားရေးကိုသာအလေးပေးတဲ့ယောကျာ်းကို
ယန်းမီမေမေကအပြစ်မဆိုခဲ့ဘူး
သူကချစ်မိတာကိုး...သမီးလေးမွေးလာတဲ့အချိန်မှာပေါ့
အနားမှာအမြဲရှိနေပေးလာခဲ့တယ်
သာယာဖို့အစပျိုးနေတဲ့မိသားစုလေးက
အငြိုးအတေးတွေကြောင့်ပြိုကွဲခဲ့ရတယ်ခရီးသွားဖို့အတွက်ယန်းမီလေးကသူ့မားနဲ့ပါးကို
ပူဆာတယ်ယန်းပါးပါးကအလုပ်တွေကိုဖျက်ပြီးလိုက်ပို့ပေးမယ့်အချိန်
အရေးကြီးတဲ့အစည်းအဝေးကပေါ်လာတယ်ယောကျာ်းကိုနားလည်တဲ့မိန်းမက
နောက်ကနေလိုက်ခဲ့ဖို့ပြောတယ်
သူကယန်းမီလေးနဲ့အရင်သွားနှင့်တယ်ဒရိုင်ဘာနဲ့ထွက်သွားတဲ့ကားအဖြူလေး
ယန်းမီလေးကသူ့ပါးပါးကိုမကျေမနပ်နဲ့
လိုက်သွားရတယ်လမ်းတစ်ဝက်မှာရပ်တန့်သွားတဲ့ကားနဲ့အတူ
မီးလောင်ပေါက်ကွဲသွားတဲ့ကားလေး
ယန်းမီကတော့ကားပေါ်ကနေလွင့်ထွက်လို့မီးလောင်တဲ့ကားရဲ့ဘေးမှာထွက်ကျနေတဲ့သူ့မားမား
ကလေးလေးတစ်ယောက်က
အသံတွေပျောက်ရှတဲ့အထိ
အော်ဟစ်အကူအညီတောင်းခဲ့တယ်သွေးအိုင်ထဲနစ်နေတဲ့သူ့မားမားကိုလည်းမထိတွေ့ရဲဘူး
နောက်တစ်နေ့မှရဲတွေကရောက်လာခဲ့တယ်
ယန်းပါးပါးကလည်းမျက်ရည်လည်ရွဲနဲ့ရောက်လာတယ်အသက်မဲ့နေသလိုတည်ငြိမ်နေတဲ့ယန်းမီလေး
ယန်းပါးပါးခေါ်တာတောင်ခေါ်လို့မရတော့ဘူးဆေးရုံကိုခေါ်လာတော့
လူနာတွေနဲ့ရူပ်နေတဲ့ဆေးရုံ
သွေးတွေကိုမြင်တော့ကြောက်လန့်တကြား
ထအော်တယ်..စိတ်မတည်ငြိမ်တဲ့ယန်းမီလေးကို
စိတ်ငြိမ်ဆေးထိုးပေးလိုက်ရတယ်