ရှောင်းကျန့်အတန်းထဲမှာ
ငိုင်ငိုင်ကြီး သူ့လက်သူပြန်ကြည့်နေတယိ
အနိုင်ရတဲ့သူကဘယ်သူလဲဆိုတာသိရတော့မယ်
သူစိတ်မလှုပ်ရှားဘူးသူစိတ်ဝင်စားနေတာသူ့လက်ကို
ဘာလို့ကလေးရဲ့ပုံကိုဆွဲခဲ့တာလဲ
သူ့ကိုယ်သူတောင်မသိတော့ဘူးငယ်ငယ်လေးကတည်းကပန်းချီကို
ဝါသနာပါတဲ့ကောင်လေးက
လူတစ်ယောက်ရဲ့ပုံတူကိုဆွဲဖို့ရာမခဲယဉ်းဘူး
ဒါပေမဲ့သူကပုံတူဘယ်တော့မှမဆွဲခဲ့ဘူး
ရူခင်းပုံ မြင်ကွင်းတွေ တခြားအရာတွေကိုသာဆွဲတယ်ဒါကသူ့အတွက်ပထမဆုံးအကြိမ်ပဲ
ခဏနေတော့ဆရာမတွေဝင်လာတယ်.
အနိုင်ရတဲ့သူရဲ့ပန်းချီကားနဲ့အတူအနိုင်ရတဲ့သူကရှောင်းကျန့်ပဲ
ဖွင့်ချပြလိုက်တဲ့ပန်းချီကားမှာအကုန်လုံး
တအံ့တသြပဲအသက်ဝင်လွန်းလှတဲ့ပုံရိပ်ကြောင့်
ရှောင်းကျန့်ပြန်ယူထားချင်နေပြီ
ကလေးရဲ့ပုံရိပ်ကိုအကုန်လုံးကြည့်နေတာ
သူမကြိုက်ဘူး..ဆရာမတွေကဝိုင်းပြီးချီးမွမ်းတယ်
သူ့စိတ်ထဲလုပ်ချင်နေတဲ့အရာတစ်ခုက
အဲ့ပန်းချီကားကိုသိမ်းထားချင်နေပြီကြားနေရတဲ့စကားသံတွေကြောင့်
ရှောင်းကျန့် ဆံပင်မွှေးတွေထောင်ထက်သွားသလိုပဲဟဲ့အဲ့ကလေးအပြင်မှာရှိတယ်လို့ထင်လား
အေးငါတော့ထင်တယ် တိတိလေးကိုကျဲကျဲတို့ကစောင့်ရှောက်ချင်လို့ ဟိဟိ
တကယ်ရှိတယ်အမိတို့
"ဆရာမ သား အဲ့ပန်းချီကားပြန်ယူလို့ရလား."
"ဘာဖြစ်လို့လဲ သား"
ပြန်မဖြေဘဲငိုတော့မလိုမျက်နှာကြောင့်
ဆရာမ ဆက်မမေးရဲတော့ထပ်မေးရင်အတည်ကြီးငိုချတော့မယ်လို့အာရုံရနေတယ်
နှလုံးသားလေးနုနယ်တဲ့ဆရာမလေးက
ပန်းချီကားလေးကိုလိပ်ပြီးပြန်ပေးလိုက်တယ်တကယ်ဒီကောင်လေးရဲ့မျက်ဝန်းထဲကမျက်ရည်ကျလာရင်
ငါလေးကျိန်စာတိုက်ခံရမလိုခံစားရနေတယ်ပန်းချီကားလေးကိုလိပ်ပြီး
ဗူးလေးထဲသေချာထည့်ထားလိုက်တယ်
ကလေးလေးကိုထပ်တွေ့ရင်ပေးဖို့အတွက်ကျောင်းဆင်းချိန်မှာ
ကျောင်းရှေ့မှာအုံနေတဲ့လူတစ်စုရှောင်းကျန့်ကစပ်စုချင်ပေမဲ့
အိမ်ပြန်ဖို့ဘတ်စ်ကားမမှီမှာစိုးလို့
သူတို့ကိုကျော်ပြီးလျောက်လာတယ်အဲ့အချိန် မိန်းကလေးတစ်ယောက်က
ဟဲ့တကယ်ရှိတာပဲ
ကလေးလေးကဖြူဖြူဥဥလေးရယ်
တိတိလေး တိတိလေးအချက်ပေးခေါင်းလောင်းသံတွေက
ခေါင်းထဲတဝီဝီနဲ့
လူအုပ်ထဲအတင်းဝင်းတိုးပြီး
ကလေးလေးကိုကြည့်လိုက်တယ်အမယ် လက်လေးနှစ်ဖက်ကိုပိုက်ထားပြီး
မျက်နှာလေးကချေမိုးနေတာရှောင်းကျန့်ကိုတွေ့တော့
လက်လေးနှစ်ဖက်ကိုဆန့်တန်းပေးတယ်
သူ့ကိုချီဆိုတဲ့သဘောခပ်လှမ်းလှမ်းကိုကြည့်တော့
ကလေးဘေးနားအမြဲရှိတဲ့ဦးလေးကိုတွေ့ရတယ်
ကြည့်ရတာမနိုင်တဲ့ပုံပဲ.အလယ်တန်းနောက်ဆုံးနှစ်ကျောင်းသားလေးရှောင်းကျန့်
နဲ့ယှဉ်ရင်ကလေးလေးကခါးလောက်ပဲရှိတယ်ကလေးလေးကိုချီလိုက်တော့
အားကျသလိုမကျေနပ်သလိုမျက်ဝန်းတွေကဒိုင်းခနဲကလေးလေးကတော့ရှောင်းကျန့်လည်ပင်းကို
အားရပါးရဖက်ထားတယ်သူတို့တွေကိုကျော်ပြီး
ကလေးနားအမြဲရှိတဲ့ဦးလေးဆီလျောက်သွားလိုက်တယ်"ဦးလေး ကလေးက"
"သားလေးကိုတွေ့ချင်တယ်ဆိုလို့."
ထိုနေ့ကညနေဆည်းဆာကလှပခဲ့တယ်
၃ကြိမ်မြောက်တွေ့ဆုံခြင်းကလှပပေမဲ့
နောက်ဆုံးတွေ့ဆုံခြင်းဆိုတာကိုတော့
ရှောင်းကျန့်မသိခဲ့ဘူး...မပေးဖြစ်လိုက်တဲ့ပန်းချီကားလေးကလည်း
ကျန်ရစ်ခဲ့လို့...နာမည်လေးတောင်မသိခဲ့ရဘဲ
ရင်ထဲမယ်တက်တူးထိုးထားသလို
ပုံရိပ်တွေကိုအလွတ်ရနေခဲ့တဲ့လူတစ်ယောက်..တစ်စုံတစ်ယောက်ကတော့ထားရစ်ခဲ့ပေမဲ့
နောက်ကနေအရိပ်လိုအမြဲရှိနေခဲ့တယ်လူတစ်ယောက်ကိုကာကွယ်ပေးချင်မိတယ်
မလိုအပ်ဘူးဆိုတာသိသည့်တိုင်အောင်..
![](https://img.wattpad.com/cover/203635876-288-k571192.jpg)