The General’s Manor Young Concubine Survival Report
Author: Feng De Lingdang (Wind’s Little Bell)
_____
ငါ သိသလောက် နားလည်သလောက် ပြောရရင်၊ ချွီရှန်းက အရှုပ်ထုပ်ပဲ။
—— ပုံ/ ပေါ် - ဇာတ်ကြောင်းနားမလည် - ချင်းပေါ်ဒီလိုနဲ့ပဲ ရှန်းထျန်းကော ထွက်ပြေးသွားတာကို ကြည့်နေခဲ့ရတယ်။ နောက်တော့ ငါ့ချစ်သူဆိုတဲ့ မင်းသား ချွီရှန်း လျှောက်လာတယ်။ လူတွေ ပါးစပ်အဟောင်းသားဖြစ်သွားစေလောက်မယ့် နူးညံ့ကြင်နာ သနားညှာတာ အကြည့်တွေနဲ့ ငါ့ကို သူ ကြည့်တယ်။ သူက ကိုယ်ကို ကိုင်းကာ ငါ့ကို ထူပေးတယ်။ ပြီးတော့…… သူ ပြုံးလေတယ်။ သူ့မျက်နှာချောချောခန့်က အနားတိုးကပ်လာပြီး ငါ့နား အနားမှာ တီးတိုးဆိုတယ်။ "တော်တယ်... ပေါ်ချင်းပေါ်..."
ချက်ချင်းကြီးကို ငါ ကြက်သီးတွေတောင် ထသွားမိတယ်။ ငါ ဆရာကြီးလိုလို သမ္မာကြီးလိုလို ဟန်ပန်လုပ်ရင်း အသံသာသာနဲ့ ပြန်ပြောလိုက်တယ်။ "မင်းသား... ဘာတွေ ပြောနေတာလဲ... ဒီကိုယ်လုပ်တော် နားမလည်ပါဘူးနော်..."
"တစ်လအတွင်း ရှန်းထျန်းကော ဘက်ကနေ ကွာရှင်းခွင့်တောင်းလာအောင် လုပ်ပေး... ဒါအတွက်ကြောင့်ပဲ မင်း အိမ်တော်ကို ဝင်တာလေ... ရှောင်ချင်းပေါ် မေ့သွားတာလား..." ချွီရှန်းက ငါ့ခေါင်းကို ပွတ်ပေးရင်း ရယ်လိုက်တယ်။ ငါ့ကိုလည်း ရုတ်တရက်ကြီး တရင်းတနီး ပွေ့ဖက်လိုက်ပြီး အသံကျယ်ကျယ်နဲ့ အော်ပြောလိုက်သေး။ သူ့မျက်နှာထားကလည်း မကျေမနပ် နာကျည်းနေပုံ ပြောင်းသွားသေး။ "စိတ်ချ ... ကိုယ် မင်းကို မတရား အနိုင်ကျင့်မခံစေရဘူး...!"
ခံစားချက် ဗလာ မျက်နှာသေနဲ့သာ ငါ တွေးနေမိတော့တယ်။ ဒီ လူလှလှတော့ ရှောတော့မှာပဲလို့။
ထပ်ပြီးတော့ ငါပါ ရောရှောသွားနိုင်ချေ ရှိတယ်။
အစကတော့ ငါ့ကိုယ်ငါ မယားငယ် ကြာဖြူ ပန်းမလေးလို့ပဲ ထင်နေခဲ့တာ။ သူလျိုပါ ဖြစ်နေမယ်လို့ ထင်မထားခဲ့မိဘူး။
YOU ARE READING
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...