The General's Manor Young Concubine Survival Report
Author: Feng De Lingdang (Wind's Little Bell)
___
ငါက အဖေ့ကို ကြည့်တယ်။ အဖေက ရှန်းထျန်းကောကို ကြည့်တယ်။ ရှန်းထျန်းကောက ငါ့ကို ပြန်ကြည့်တယ်။
ဒီအဖြစ်သနစ်ကလေးက အတော်လေးသဟဇာတမျှမျှ ရှိတယ်လို့ ငါကတော့ ထင်တာပဲ။ ဒါပေမယ့် သူတို့ နှစ်ယောက်ကတော့ အဲ့သလို ထင်ပုံမရဘူး။
ပေါ်ရှို့ယွမ် သူ့နဖူးပေါ်က ချွေးစေးတွေကို သုတ်လိုက်ပြီး နန်းတွင်းအရာရှိဟန်အပြည့်နဲ့ ပြောတော့တာပဲ။ "ရှန်းစစ်သူကြီး ကျွန်ုပ်သမီးက လာဒုက္ခပေးသွားခဲ့တာပဲ..."
ရှန်းထျန်းကော ခေါင်းညိတ်လိုက်တယ်။ "အမတ်ချုပ်ကြီးပေါ်က သိပ် အားနာတတ်တာပဲ..."
"ဒီလို အထင်လွဲမှားမှုတွေလည်း ဖြေရှင်းပြီးပြီဆိုတော့ ကျွန်ုပ်သမီးလေးကို အိမ်ပြန်ခေါ်သွားပါတော့မယ်..."
ငါ ချက်ချင်းပဲ ရှန်းထျန်းကော အနားကို ပြေးကပ်လိုက်ပြီး သူ့လက်မောင်းကို ဖက်တွယ်ထားလိုက်တော့တယ်။ အလကားရတဲ့ အဖေကို မယုံကြည်နိုင်သလို စိုက်ကြည့်ရင်း၊ "အဖေ...! အဖေက သမီးအဖေ မဟုတ်တော့ဘူးလား...! ကိုယ့်သမီးလေး တစ်သက်စာ ပျော်ရွှင်မှုရရေးကို ဘာလို့ နှောင့်ယှက်နေရက်တာလဲ...!"
"......" ပေါ်ရှို့ယွမ် အဖက်မလုပ်ဘဲ လက်နှစ်ဖက်ကိုသာ ဆုပ်ကိုင်ထားလိုက်တယ်။ သူ့မျက်နှာထားက အတော်လေး အားနာနေပုံနဲ့၊ "ကျွန်ုပ်သမီး ငယ်စဉ်ကတည်းက ကျိုးကြောင်း မသင့်၊ မစီလျော်တာတွေ လုပ်လေ့ရှိပါတယ်...သူ့အတွေးအကြံတွေကလည်း အခြားသူတွေနဲ့ ခြားနားတတ်ပါတယ်... စစ်သူကြီး ဗွေမယူဖို့ မျှော်လင့်ပါတယ်..."
ရှန်းထျန်းကောကလည်း ငါ့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ရိုးရိုးသားသား ပြန်ပြောလေတယ်။ "ကိစ္စမရှိပါဘူး... ကျွန်မ သိပါတယ်... သူ ဒီလိုမ် ိဳးဆိုတာ"
ESTÁS LEYENDO
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...