The General’s Manor Young Concubine Survival Report
Author: Feng De Lingdang (Wind’s Little Bell)
____
ခေးလေး စိတ်နာတယ်... ဒါမယ့် ခေးလေး ထုတ်ပြောလို့လည်း မရဘူး။
ငါ ငါ့အခြေအနေကို နောက်ဆုံးတော့ သဘောပေါက်သွားခဲ့ရပြီ။ ငါက အမတ်ချုပ်အိမ်တော်က ကိုယ်လုပ်တော်ဖွား မမလေးတစ်ယောက်။ ယိရှင်း မင်းသား ချွီရှန်းနဲ့ ဇာတ်လမ်းရှုပ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်ကမှ အိမ်တော်ထဲ လက်ထပ်ပြီး ရောက်လာတယ်။
ယိရှင်းမင်းသားရဲ့ ပဏာမကြင်ယာတော်က တာ့ချီနိုင်ငံတော်ရဲ့ —— ဟုတ်တယ်၊ အခုက ကွဲထွက်နေတဲ့ သီးခြားလောကပဲ —— တာ့ချီနိုင်ငံတော်ရဲ့ တစ်ဦးတည်းသော အမျိုးသမီးစစ်သူကြီးဖြစ်နေပေမယ့်ပေါ့။
ငါ သူ့အိမ်တော်ထဲ ဝင်လာခဲ့တယ်တဲ့လေ။တာ့ချီရဲ့ တစ်ဦးတည်းသော အမျိုးသမီး စစ်သူကြီး ရှန်းထျန်းကောမှာက မှူးမတ်လစာရော၊ ရာထူးဂုဏ်သိမ်ရော အကုန်ရှိတယ်။ ဒါတင်မကဘူး၊ အရေးအကြီးဆုံးဖြစ်တဲ့ စစ်မက်လက်နက်အင်အားကိုပါ သူ ပိုင်ဆိုင် ချုပ်ကိုင်ထားတယ်။ သူက အစ္ကို လုပ္တဲ့သူ ကိုယ္စား စစ္ထဲ ဝင္လိုက္ရတဲ့ အမ် ိဳးအစား။ အဲ့တုန်းက သူ့အစ်ကို လက်ရှိမင်းကြီးအတွက် ထီးနန်းလုဖို့ ကြိုးပမ်းရင်း အသက်ဆုံးသွားခဲ့တာ။ ရှန်းအိမ်တော်က ဆုလာဘ် ရာထူးတွေကို ချီးမြှင့်ဖို့ အစားထိုးစရာ ဘယ်သူမှ ရှိမနေခဲ့ဘူး။ အဲ့ဒါနဲ့ ဆုတော် လာဘ်တော် ဘွဲ့ဂုဏ်ထူးတွေက ၁၀ နှစ် မပြည့်တတ်သေးတဲ့ ရှန်းထျန်းကော့ ခေါင်းပေါ်ကျလာတော့တယ်။ ရှန်းထျန်းကော့ကလည်း ဘွဲ့တွေ ဂုဏ်တွေကို လက်ခံယူပြီး ၅ နှစ်အကြာမှာ သူ့အစ်ကို ခြေလှမ်းအတိုင်း ဆက်နင်းကာ စစ်တပ်ကို ဦးစီးတော့တယ်။
နောက်ပိုင်းဆက်ဖြစ်တဲ့ ဟာတွေကတော့ ဇာတ်လိုက်မင်းသမီး အင်အားတောင့်တဲ့ သာမန်ရိုးကျ ဝတ္ထုတွေလိုပဲ။ သူ့ရဲ့ ထူးချွန်ပြောင်မြောက်မှုတွေ၊ ရဲစွမ်းထက်မြက်တဲ့ စစ်ရေး စွမ်းဆောင်ရည်တွေကြောင့် စစ်သူကြီး ရာထူးပါ ပေးအပ်ခံရတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ၃ နှစ်က မင်းသားနဉ်ရဲ့ လက်နက်ကိုင်တပ်က ပုန်ကန်ရာမှာ သူက မင်းကြီးကို ကယ်တင်ပြီး သစ္စာဖောက်ပုန်ကန်သူကို နှိမ်နင်းနိုင်ခဲ့တာကြောင့် မြို့တော်က အချောမော အလှပဆုံး အမျိုးကောင်းသား၊ မင်းစိုးမိုးမျိုး မိန်းမပျိုတိုင်းက စိတ်ကူးနဲ့သာ မှန်းခွင့်ရှိတဲ့ ချစ်သူ—— ယိရှင်းမင်းသား ချွီရှန်းနဲ့ လက်ထပ်ထိမ်းမြားဖို့ ခွင့်ပြုပေးခဲ့၊ စုံဖက်ပေးခဲ့တယ်။ အခုဆို သူတို့နှစ်ယောက် လက်ထပ်ထားကြတာ နှစ်ဝက်လောက်ရှိနေပြီ။ သူတို့နှစ်ယောက်က သဟဇာတမျှပြီး သင့်မြတ်တယ်ထင်ရပေမယ့် အိမ်မှာ ခွဲနေကြတယ်။ ရုံးတော် ညီလာခံမှာဆိုရင်လည်း နှစ်ယောက်သားက ဆန့်ကျင်ဘက်ပဲ။ မင်းသားက သြဇာရှိန်ကြီးတဲ့ စစ်သူကြီးကို မုန်းတယ်။ စစ်သူကြီးကလည်း အနစ်နာခံ အလျှော့ပေးတတ်တဲ့ လူသားမဟုတ်။
CZYTASZ
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...