The General’s Manor Young Concubine Survival Report
Author: Feng De Lingdang (Wind’s Little Bell)
____
အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ ပေါ်ချင်းပေါ်ပါ။ အစကတော့ အမတ်ချုပ်အိမ်တော်ရဲ့ ကိုယ်လုပ်တော်ဖွား မမလေးတစ်ယောက်ပေါ့။ နောက်တော့ ယိရှင်းမင်းသား ချွီရှန်းနဲ့ ဇာတ်ရှုပ်ပြီး သူ့အရံကြင်ယာတော်ဖြစ်လာခဲ့တယ်။ ဒါပေမယ့် လက်ထပ်တဲ့နေ့မှာပဲ ယိရှင်းမင်းသားရဲ့ ပဏာမကြင်ယာတော်က ကျွန်မကို စစ်သူကြီးအိမ်တော်ထဲ ဆွဲခေါ်သွားစေပြီး ကြိမ်ဒဏ် ၁၀ ချက်ခံယူစေသတဲ့။ သို့ပေမယ့် ဒီသခင်မလေးလို နုနုရွရွ အလှလေးက အဲ့သလိုအပြစ်ဒဏ်ကြီးကို ခံယူနိုင်ပါ့မလား။ သုံးချက်လောက်အရိုက်ခံရပြီးတာနဲ့ မေ့လဲသွားပါလေရော။ နောက်တော့ သူ့အတွင်းစိတ်ဝိဉာဉ်နေရာမှာ အဆင်းရော အချင်းပါ ပြည့်စုံပြီး ပါးနပ်လိမ္မာရုံမက၊ နှစ်လိုဖွယ်ကောင်းတဲ့ ငါလေး အစားထိုးဝင်ရောက်လာခဲ့တယ်။ ငါ ဟိုသည် သတင်းနှိုက်ရင်းက ချွီရှန်းက ရှန်းထျန်းကောကိစ္စ ရင်ဆိုင်ဖို့ ငါ့ကို အသုံးချတာကို သိလိုက်ရတယ်။ ဒါပေမယ့် သေသေချာချာပြန်ဆင်ခြင်ပြီးရင်း ဆင်ခြင်ပြီးတဲ့အခါမှာတော့ အမှောင်ကနေထွက်ပြီး အလင်းခိုဖို့ပဲ ငါ ဆုံးဖြတ်လိုက်တာ။ စစ်သူကြီး - တာ့တာ့[၁] ရဲ့ ခြေသလုံးကို မလွှတ်တမ်းဖက်ထားခြင်းအားဖြင့်ပေါ့။
ငါ အခု ငါ ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာရယ်၊ ငါ့အရင်အချစ်ဇာတ်လမ်းအကျဉ်းချုပ်ရယ်ကို ပြန်ပြောင်းပြောနေရတာက ငါ အခု ဇာတ်ကြောင်းနောက်တစ်ခုထဲ ဝင်သွားရမိသလို ခံစားနေမိလို့ပဲ။
ဟုတ်တယ်။ စစ်တပ်နောက်ခံနဲ့ ဇာတ်ကြောင်းမျိုးပေါ့။
ငါ့စိတ်ကူးထဲ ပုံဖော်ထားခဲ့တဲ့ အိမ်တွင်းရေး အတိုက်အခံဇာတ်မျိုးတောင်မှ အပီအပြင်ပေါ်မလာသေးဘူး။ လမ်းကြောင်းက ဒီဘက်ကြီးကို ရွှေ့သွားတာလေ။ ဒါပေမယ့် ငါ တော်တော်လေး ကြိုးစားမယ်ဆိုရင်တော့ ရာထူးတိုးလာနိုင်တယ်။ လစာကောင်းရမယ်။ ငါ့ CP စိတ်လည်လာတဲ့အထိ သည်းခံစောင့်မယ်။ ပြီးရင်တော့ ဘဝမှာ အောင်မြင်မှု သရဖူ ဆောင်းနေလို့ရပြီ။
DU LIEST GERADE
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...