The General’s Manor Young Concubine Survival Report
Author: Feng De Lingdang (Wind’s Little Bell)
____
စစ်သူကြီး အိမ်တော်ကို ချိတ်ပိတ်ခံလိုက်ရတယ်။ ငါလည်း ငါ့အခြွေအရံမိန်းကလေးတွေနဲ့ ရှန်းထျန်းကောရဲ့ အနီးကပ်သက်တော်စောင့်တွေကိုပါ ပေါ်အိမ်တော် ခေါ်လာခဲ့လိုက်ရတော့တယ်။
ငါ အိမ်ပြန်လာတာတွေ့တော့ ပေါ်ရှို့ယွမ် သက်ပြင်းအရှည်ကြီး ချတယ်။ သူ့အသံကလည်း ခံစားချက်တွေ အပြည့်နဲ့၊ သူ ငါ့ပုခုံးကို အတန်တန်ပုတ်လို့ ဆိုတယ်။ "သမီးပြန်လာတာ ကောင်းတယ်... ပြန်လာတာ ကောင်းတယ်....."
ငါ သူ့ကို ငေးကာကြည့်မိတယ်။ "အဖေ... သမီးကို အခု ပြောပြလို့ မရသေးဘူးလား..."
ပေါ်ရှို့ယွမ် အတော်ကြာကြာ နှုတ်ဆိတ်နေခဲ့တယ်။ ပြီးတော့မှ အနားမှာ ရှိသူတွေကို ထွက်သွားခိုင်းလိုက်ပြီး ထိုင်ခုံတစ်ခုမှာ ထိုင်ချလိုက်တယ်။ သူ့ကြည့်ရတာ စိတ်ပျက်အားလျော့နေပုံပဲ။ "ဟင်း...... သားသမီးဆိုတာ အကြွေးရှင်တွေလိုပဲ..."
ဒီတစ်ခါမှာတော့ ပေါ်ရှို့ယွမ် ငါ့ကို ဖုံးကွယ် မနေတော့ဘူး။ ဖြစ်ပျက်ခဲ့သမျှ အကုန်အစင် ပြန်ပြောပြတော့တယ်။
ီဒီကိစ္စက…… လက်ရှိမင်းကြီး ဒုတိယမင်းသားဖြစ်နေတဲ့ အချိန်မှာကတည်းက စတင်ခဲ့တယ်ဆိုပဲ။
အဲ့တုန်းက မင်းကြီးအလောင်းအလျာနဲ့ မင်းသားနဉ်တို့ ထီးနန်းအရိုက်အရာကို လုနေကြတာ။ ရှန့်ကျီရင်း အထူးတပ်[၁]ကို အမိန့်ပေးလို့ရတဲ့ ဒီကျားခေါင်းတံဆိပ်လည်း ကြားထဲကနေ ပျောက်သွားခဲ့တယ်။ နောက်ဆုံးမှာ မင်းကြီးလက်ထဲကို ဒီတံဆိပ်တော် ရောက်မလာခဲ့ဘူး။ တကယ်တော့ ဒီကျားခေါင်းတံဆိပ်က ပျောက်မသွားပါဘူး။ ရှိနေခဲ့တယ်။ နှစ်ခြမ်းခွဲပြီး တစ်ခြမ်းက ပေါ်အိမ်တော်မှာ နောက်တစ်ခြမ်းက ရှန်းအိမ်တော်မှာ ရှိနေတာ။
YOU ARE READING
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...