The General’s Manor Young Concubine Survival Report
Author: Feng De Lingdang (Wind’s Little Bell)
_____
နောက်ဆုံးမှာတော့ ရှန်းထျန်းကောတစ်ယောက် ငါ့ရဲ့ {မိစ္ဆာ နှုတ်မြွက်}သိုင်းကွက်ကြီးကို မခုခံနိုင်တော့တာနဲ့ပဲ သဘောတူလိုက်ရတယ်။ ပြီးတော့ သူ့ဘက်က တွက်ရင်လည်း ငါ့ကို ခေါ်ထားတာက အလုံခြုံဆုံးဖြစ်မှာမို့ကိုး။ ငါ့ကို သူ သံသယဝင်နေတာဆိုတော့လေ. . . ဒီတော့ကာ သူ ငါ့ကို သူ့အိပ်ရာမှာ အိပ်ခွင့်ပြုလိုက်တော့တယ်။
"လွှတ်စမ်း... မင်းဘာသာမင်း သွားအိပ်" ရှန်းထျန်းကော ကုတင်ခေါင်းရင်းမှာ ထိုင်လျက် အေးတိအေးစက် ဆိုလေတယ်။
ငါကတော့ သူ့ကို မလွှတ်တမ်း ဆွဲထားတာပဲ။ "ဒါဆို နင်ကရော..."
"ငါ ထိုင်လျက်ပဲ အိပ်မှာ..."
"နင် ငါနဲ့တူတူ မအိပ်ဘူးပေါ့...?!" ငါ့မျက်နှာက မယုံကြည်နိုင်မှုတွေ ပြည့်နေခဲ့မှာပဲ။ "ငါ အိပ်ပျော်သွားတော့မှ နင် ခိုးထွက်သွားမလို့ မဟုတ်လား... ပြီးတော့ ငါပဲ မတော်တဆ သေသွားရသလိုလို ဖြစ်အောင် လုပ်မှာပေါ့လေ...!? နင် လွန်လွန်းအားကြီးတယ်... အသည်းနှလုံးကို မရှိဘူး...! ဘယ်သူ ငါ့ကို စစ်သူကြီးအိမ်တော်ထဲ ခေါ်လာတာတုန်း မမေ့နဲ့ဦး...!"
ရှန်းထျန်းကော၊ “…… မင်း အတွေးသိပ်လွန်နေပြီ"
"ဒါဆို နင် ဘာလို့ ငါနဲ့ မအိပ်တာလဲ ပြောလေ၊ ငါ နင့်ကို ဘာမှ မလုပ်ပါဘူးဟယ်...! နင် ငါ့ကို တစ်ခုခုလုပ်လိုက်မှာကိုတောင် ငါ မကြောက်တဲ့ဟာကို...!"
ရှန်းထျန်းကောရဲ့ မျက်နှာတော် ညိုမှုန်ကုပ်လည်း တဒင်္ဂလောက် တောင့်သွားပြီးနောက် ညှိနှိုင်းလာတော့တယ်။ "ဒါဆို မင်း ငါ့ကို အရင်လွှတ်လိုက်... ငါ ဖယောင်းတိုင် မီးမှုတ်လိုက်ဦးမယ်..."
"ငါလည်း နင်နဲ့ လိုက်မယ်...!"
“……” ရှန်းထျန်းကော ငါ ပြောတာကို အဖက်မလုပ်ပဲ အိတ်ထဲကနေ ကြေးပြားစေ့တစ်ခု ထုတ်ယူလိုက်ကာ ဖယောင်းတိုင်ဆီ လှမ်းပစ်ပြီး မီးငြှိမ်းသတ်လိုက်လေတယ်။
DU LIEST GERADE
ငန်းတော်၏ တေး
HumorZawgyi + Unicode ငါက ကိုယ့်ကိုယ်ကို ဇာတ်လိုက်လို့ထင်နေခဲ့တာ။ ငါ့တစ်သက်စာ လုပ်ကျွေးမယ့် ထမင်းလက်မှတ်ကြီးရဲ့ အသည်းနှလုံးကို ဖမ်းယူနိုင်လိုက်တာနဲ့ သူ့အချစ်စစ်ဖြစ်ခွင့်ရမယ်။ သူ့ကို လက်ထပ်ပြီး ကလေးတွေ မွေး၊ နောက်ဆုံး သားယောက်ျား...